His morning problems

16.3K 1K 40
                                    

#Zawgyi

နွေးထွေးသော သူ့ရဲ့လက်ကိုတွဲကာ မဆုံးနိုင်သော လမ်းမကြီးကိုလျောက်လှမ်း၏။
မှောင်ရီပြပြ ညနေခင်းက ရောင်ပြန်‌ အေးတွေနှင့် ။
အဖြူ၊ အပြာ၊ အစိမ်း စသဖြင့် . . .
ရေဆေးဖြင့် ရေးချယ်ထားသည့်ပမာ နောက်ခံပန်းချီကားချပ်သည် နူးနူးညံ့ညံ့ ။

May. ရဲ့ ခြေလှမ်းတိုလေးတွေနဲ့ ညှိကာ ထိန်းလျောက်နေသော သူ့ကို May မသိမသာခိုးကြည့်လိုက်သည် ။
ဘေးတစောင်းကြည့်လျင်မြင်ရသော မျက်တောင်ထူတွေက မျက်လုံးအပေါ်ရောအောက်ပါ ခဲနက်သည် ။
တချက်တချက် အတောင်ပံတွေပုတ်ခတ်လိုက်လျင် ငေးနေသူမှာ ရင်မောရ၏။
ထိုအလှတရားကို May က လက်ချောင်းဖျားလေးတွေနဲ့ တို့ထိ ခံစားချင်သည်။

Killian : " I can feel you starring "

May ငေးနေတာကို သူခံစားမိပါတယ်တဲ့ ။
သူဘယ်လိုသိနိုင်မှာလဲ ?
အိုး . . . သိနိုင်တာပေါ့ သူလဲ May. ကို သတိထားကြည့်နေလို့ပဲပေါ့ ။

" ဟင်း . . နင့်မျက်တောင်တွေကို ငါထိကြည့်ချင်လို့ "

သူခိုးလူမိတော့လဲ မျက်နှာပြောင်တိုက်ကာ အလျှူခံလိုက်၏ ။
သူက ခပ်ရေးရေးပြုံးသည် ။
ထို့နောက် May. ဖက်လှည့်ကာ ခါးကိုင်းပေးသည် ။

Killian : " Your wish is my command "

May. အလိုကို သူဖြည့်ပေးစေလိုသည်။
သူ့မျက်လုံးတွေမှိတ်ပေးသည် ။
May. ပါးလေးတွေရဲသွားကာ ခေါင်းကိုဖြေးညှင်းစွာခါလိုက်သည် ။

" ဟင့်အင်း . . .May ကစကားအဖြစ်ပြောတာပါ "

သူက မျက်လုံးပြန်ဖွင့်ကြည့်ကာ May. ကို အကဲခတ်သည် ။
ပြီးနောက် အနားပိုတိုးလာကာ ကျောင်းဝတ်စုံပွကြီးအောက်တွင် ပုန်းကွယ်နေသော ခါးသိမ်သိမ်လေးကို လက်တစ်ဖက်ဖြင့်သိုင်းဖက်သည် ။
အစောတည်းက သူ့ရဲ့အပြုအမူကြောင့် ပတ်ဝန်းကျင်က အနှီချစ်သူနှစ်ဦးကိုအာရုံစိုက်နေပါသည်ဆိုခါမှ ။

" Killian . . မလုပ်နဲ့. . လူတွေကြည့်နေတယ် "

May က သူ့ရင်အုံကို ပြန်လည်တွန်းထုတ်ရင်း‌ ဘေးဘယ်ညာကြည့်ကာ ဆိုလိုက်သည် ။
ကျောင်းရှေ့လမ်းမကြီးဖြစ်၍ အချို့သော ကျောင်းသား၊ ကျောင်းသူများကျန်ရှိနေသေး၏ ။
ဒါ့အပြင် လမ်းသွားလမ်းလာလူများကလဲ ပြုံးတမျိုး၊ မဲ့တလှည့် အကဲပိုလှသော စုံတွဲကိုကြည့်ကြသည် ။ချောမောလွန်းသော နတ်သားလေးနှင့် သာမာန်ထပ်ပိုကာ သာမာန်ကျလွန်းသော အာလူးသီးလေးတို့ လက်တွဲကာ လမ်းအတူလျောက်နေပုံမို့ အာရုံစိုက်ခံရတာနဲ့တင် လုံလောက်နေပါပြီ ။

Tasting RED : Eros (Completed)Where stories live. Discover now