' He will break your heart '

31.5K 2K 26
                                    

Check Unicode Version Below ⬇️

#Zawgyi

အတန်းတက်နေသော်လည်း May. ရဲ့စိတ်တွေလွင့်မျောလျက် ... ။ အဲဒီနှုတ်ခမ်းတွေ ၊အဲဒီအနမ်းတွေ ... တော်တော်ဒုက္ခပေးပါလား ? ဖြစ်ရမယ်လေ ... သူဟာ သွေးဆောင်ဖြားယောင်းတတ်တဲ့နတ်ဆိုးတစ်ကောင်ပဲ ။ သတိတရရှိတာမဟုတ်ပဲ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ မှတ်မိနေတာမျိုး ။

May တကယ် သူ့ကိုငြိတွယ်နေမိပြီထင်ပါသည် ။ သူ့ဖက်ကရော ... ? ဆက်တွေးကြည့်တော့ မရေရာတာတွေချည်းဖြစ်နေ၏ ။

သူ လိမ်ညာပြီး‌တော့တောင် အနမ်းတွေအတွက် အယူခံမဝင်ခဲ့ပါ ။ May ကလဲ မာနနှင့်ကြောက်ရွံမှုတွေကြောင့်
မေးခွန်းမထုတ်ပဲ သူ့နှုတ်ခမ်းတွေကိုစည်းကျော်ခွင့်ပေးခဲ့မိသည် ။ ဘယ်သူမှ မမှားပါဘူး ၊ May ပဲမှားပါသည် ။ May ဟာ သူနဲ့ဆိုရင်ပျော့ညံ့လွန်းသည် ။

သူ့အကြောင်းတွေးမိတာနဲ့ ခေါင်းကအလိုလို သူ့ထိုင်ခုံရှိရာညာဖက်ဘေး အနောက်တန်းကို စောင်းကြည့်မိပြန်သည် ။ ဒါပါဆို အခါ၂၀ လောက်ရှိတော့မည် ။ သူကျောင်းမလာတာကို သိသိချည်းနဲ့လဲ
ငေးငေးမိသည် ။ ငေးရင်းလဲ ဆွေးမိသည် ။

May လဲ ကိုယ့်အတွေးကိုယ်လန့်သွားရ၏ ။ ညတုန်းကပဲ သူနဲ့တွေ့ထားတယ်လေ ... ။

" ဝင်လာ ဝင်လာ မြန်မြန် ...ငါစာဆက်သင်ရမယ် "

စိတ်မရှည်တဲ့ ဆရာ့အသံကြီးနောက်
အခန်းထဲကောင်လေးတစ်ယောက်ဝင်လာတော့သည် ။ ဝိုင်းကြည့်နေသောမျက်လုံးများကိုဂရုမစိုက်တဲ့ ခပ်ချေချေမျက်နှာပေး၊ ဘောင်းဘီအိတ်ထဲလက်နှစ်ဖက်ကိုထည့်ရင်း အေးဆေးစွာလျောက်လှမ်းလာတဲ့ ခြေလှမ်းတိုင်းမှာ မောက်မာမှုတွေအပြည့် ။

သူကျောင်းလာပြီ ။ May ပျော်သွားကာပြုံးလိုက်မိသည် ။

သူကလဲ ပြုံးနေတဲ့ May.ကို တန်းတွေ့သွားကာ နှုတ်ခမ်းပါးတွေတွန့်ရုံ တစ်မျိုးလေးပြုံးသည် ။ ဘာလဲအဲဒီအပြုံးက ? အဓိပ္ပါယ်တွေမဖော်မှီပဲ သူ့အပြုံးတွေ
ရုတ်သိမ်းသွား၏ ။

သူခုံမှာဝင်ထိုင်လိုက်တော့မှ မော်ဒယ်ရှိုးပြီးတာမို့ ထိုအခါမှဆရာလဲစာဆက်သင်ရသည် ။ May ထပ်ခိုးကြည့်တော့ ကိုယ်တော်ချောက စာရေးစားပွဲပေါ်မှာ မှောက်အိပ်နေလေပြီ ။

Tasting RED : Eros (Completed)Where stories live. Discover now