Diamond

15.1K 1.1K 56
                                    

#Zawgyi

ခေါင်းအုံးတစ်လုံးတည်း‌ပေါ်တွင် အတူတူမျက်နှာချင်းဆိုင်လှဲရင်း တစ်ယောက်မျက်လုံးထဲတစ်ယောက် အပြန်အလှန်ငေးနေမိသည်။
စကားတွေမပြောပဲ အကြည့်ချင်းဖလှယ်ရင်း နှစ်ယောက်သားငြိမ်သက်‌‌ လို့‌‌ နေသည်။

" Killian ? "

Killian : " Yes Baby ? "

" . . ငါသာနင့်ကို အရင်မချစ်ခဲ့မိရင် ငါတို့ ဒီလိုတူတူရှိနေပါ့မလား ? "

May. ခေါင်းထဲ ထို‌မေးခွန်းလေးပေါ်လာခြင်းဖြစ်သည်။
နွေတစ်နေ့မှာ သစ်ရိပ်ထဲချစ်သူနဲ့ ပန်းကောက်သလိုပဲ ထွေထွေထူးထူး မတွေးပဲ တွေ့တဲ့ပန်းပွင့်လေးကိုကောက်ကိုင်ခြင်းသဘောလို ။
ဤ မေးခွန်းတွင် ဘာအတွေးမှမပါ ။

သို့သော် . . သူ့အဖို့ကတော့ ထို‌‌မေးခွန်း ကထူးခြားသွားသည် ။
သူအရေးတယူ တွေးသွားကာ လမ်းပျောက်လျက် ။
အလယ်၌ဆက်နေသော မျက်ခုံး‌ထူတွေသည် တွန့်ကွေးသွားသည် ။

May ပြုံးကာ ပင့်သက်ရှိုက်လိုက်၏ ။

" May မေးတာ ဘာသဘောမှမပါဘူး
ဒီအတိုင်း . .အကယ်၍ လို့ . . တွေးမိလို့ပါ "

ထိုအခါသူ May. ကို ‌ရီရီဝေဝေလေးကြည့်လာသည်။
သူ့နှုတ်ခမ်းပါးတွေ ရေးရေးလေးပြုံးနေသည် ။
ကြည်နူးမှုရော ၊ဝမ်းနည်းမှု‌ ရောကိုပါဖော်‌ဆောင်၏ ။

Killian : " . . ကိုယ်သိတာက မင်းနဲ့ကိုယ်နဲ့ အဲ့ဒီတုန်းက လွဲခဲ့ရင်တောင် တစ်နေ့နေ့မှာဆုံကြမှာပဲ . . "

စကားကို သူအဆုံးမသတ်သေး ။
တခဏရပ်ကာ တွေးမြင်ယောင်မိသလိုပြုံးသည် ။
အဲဒီပုံသဏ္ဌာန်လေးကို Mayသည် ပြုစားခံထားရသည့်ပမာ ငေးမောနေမိသည် ။

သူက ဆက်သည် ။

Killian : " အဲဒီအခါကျရင် . .
ကိုယ်ကမင်းကို စပြီးချစ်မယ်
မင်းအနောက်ကို ကိုယ်လိုက်မယ်
မင်းဆီ ကိုယ်က Cosmos ပန်းစည်းတွေ နေ့တိုင်းပို့ပေးမယ်
မင်းကို ကျောင်းမှာတရားဝင်ချစ်ခွင့်ပန်မယ် ဒါမှတရားဝင်ရည်းစားဖြစ်မှာလေ အဲ့ကျရင် မင်းကကိုယ့်ကို သနားပြီးတော့ပဲဖြစ်ဖြစ်ပြန်ချစ်ပေးမယ် . . "

တွေးရင်းဆိုရင်းဖြင့် သူ့ မျက်လုံးလေးတွေအရောင်တောက်လာသည် ။
ဒါပေမယ့် တစ်စုံတစ်ခုကို သတိရသွားသည့်ပမာ ရုတ်ချည်းနက်ပြာတွေကမှိုင်းညို့သွားပြန်၏ ။

Tasting RED : Eros (Completed)Donde viven las historias. Descúbrelo ahora