' Killian's Art of Seduction '

21.1K 1.2K 61
                                    

Scroll down ⬇️
Unicode is below .

#Zawgyi

မျိုးမတူတဲ့အရောင်တွေ ပေါင်းစပ်တဲ့အခါမှာ ပိုဖျော့သော အရောင်ဟာလွှမ်းမိုးခံရတယ် ။

May. ရဲ့အရောင်ဟာ ဘာအရောင်လဲ
မသိပါသော်လည်း သူ့ရဲ့နက်ပြာတွေမှာ
ပျော်ဝင်အရှုံးပေးခဲ့ရသည်။  နောက်ဆုံးရလာဒ်က အပြာနုလေးလေ ။

ဤအချစ်ခရီးမှာ သူဟာ ပဲ့ကိုင်သူ။ ထိုသည်က May လက်မခံနိုင်တဲ့ အမှန်တရား ။

May က မာနကြီးသည် ။ သူက အတ္တကြီးသည် ။ သူစိမ်းလို့မခေါ်နိုင်တဲ့ သူစိမ်းနှစ်ယောက် သံသရာမှာ လက်တွဲမိကြပြီ ။  May ကမျက်လုံးတွေမှိတ်ပေးထားသည် ။
သူဦးဆောင်စေ . . . သူစေရာ မျောပါမည်။

May တစ်ယောက် တိမ်နီတွေဖြင့် ပြိုလုနီးနီး ကောင်းကင်ကြီးကို ပြတင်းမှငေးရင်း  စိတ်ကူးတွေ ခရီးနှင်နေမိခြင်းဖြစ်သည် ။

Killian : " အခန်းကို သဘောကျရဲ့လား ? "

ဩရှကြည်လင်သော အသံပိုင်ရှင်က
May. ပုခုံးနှစ်ဖက်ကို အနောက်မှဆုပ်ကာမေးလာသည် ။

ပုခုံးလေးတွေကို ဆုပ်ထားသော သူ့ရဲ့လက်ဖဝါးပြင်တွေက ကြီးမားသန်မာ၏ ။ May. ကျောပြင်လေးနှင့် ထိကပ်နေသော သူ့ရင်ခွင်က ကျယ်ပြန့်၏ ။ အနားကပ်လိုက်ရုံနှင့် May. တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်နိုင်သည်။ သူ့ရဲ့ အပိုင်သိမ်းခြင်းခံလိုက်ရသလို ခံစားရစေသည် ။ ဒါပေမယ့် သူ့ရင်ခွင်က နွေးထွေး‌လေတော့ ပြဿနာမရှိ ။

ဆောင်းဟာလဲထင်သ‌လောက် မအေးတော့ပြီ ။ May တို့နှစ်ယောက်ဟာလဲ ထင်သလောက် မဝေးတော့ပြီ ။

" အင်း သဘောကျတယ် "

May ခေါင်းညိတ်ဖြေတော့ သူ့ဆီက စိတ်သက်သာရရာသွားသည့် ပင့်သက်တိုးတိုးကို ကြားရသည် ။ သူ့အခန်းဘေးက အခန်းလွတ်ကို May. အား ပေးထားခြင်းဖြစ်သည်။

Killian : " လိုတာရှိရင် ပြောနော် "

" အင်း "

May တစ်သက် စိတ်မကူးနိုင်တော့‌အောင် ထယ်ဝါလွန်းသည့် အဝါနုရောင်ဆေးချယ် အိပ်ခန်းကျယ်ကြီးတစ်ခု ၊ အိပ်ယာဖြူဖြူကြီးက အခန်း၏သုံးပုံပုံတစ်ပုံကို နေရာယူထားပြီး အသစ်စက်စက်ဖြစ်ပုံရသည် ။
ပရိဘောဂဒီဇိုင်းအဆန်းတွေကလဲ သူတတ်နိုင်သလောက် မိန်းကလေးဆန်အောင် ရွေးထားခဲ့တာ သိသာသည်။ လိုတာထပ်ပိုပြီး ပြည့်စုံနေပါပြီ ၊ ဘာ‌တွေများလိုဦးမှာလဲ ? ဒါ့အပြင် အခုမှ သတိထားမိသော နံရံမြှုပ်အခန်းမီးရောင် နွေးနွေးလေး . . . ။

Tasting RED : Eros (Completed)Where stories live. Discover now