Love is war (warning-18+)

35.3K 1K 30
                                    

#Zawgyi

သူမသည် ထရိုင်မြို့ကိုပျက်စေသော ဟယ်လန် မင်းသမီးလေးဖြစ်လျင် ၊သူသည် သူမကိုမျက်လုံးစုံမှိတ်ကာ ချစ်မိသော ပဲရစ်မင်းသားဖြစ်မည် ။
သေချာတာကတော့ ချစ်သူလေးသည်
သူ၏ပျက်သုံးခြင်းကို ယူဆောင်လာမှာမဟုတ် ။
သို့သော် သေချာသည့်အရာတစ်ခုက သူ၏ နှလုံးသားမြို့တော်ကြီးကိုတော့ ဗလောင်ဆူစေခဲ့ပြီ ။
လှပစွာလှဲလျောင်းနေသော သဏ္ဌာန်လေးက သူ၏ခံတပ်ကိုကျဆုံးစေမည့်
ထရိုဂျင်မြင်းရုပ်ပဲဖြစ်မည် ။
သူ၏နှလုံးသားထဲ အသွင်ယူဝင်ရောက်ကာ ဖမ်းဆီးချယ်လှယ်နေပြီလေ ။

လက်နှက်ချ အညံ့ခံမှာလား ?

အိပ်မောကျနေသော ကောင်မလေးကို မျက်တောင်မခတ်ငေးမောနေသော သူ၏ခေါင်းထဲ၌ မှန်ကန်စွာတွေးတောနိုင်စွမ်းတွေမရှိတော့ ။
ဗလာနတ္ထိ အတိပြီးသည် ။

သူအရှုံးပေးပါတယ် . . .
သူလိုချင်တာက မျက်စိရှေ့က နူးညံ့မှုလေးတစ်ခုတည်းကိုပဲ ။

" ဟင်း . . . "

သူမ၏ ဖက်လုံးလေးကို တင်းတင်းဖက်ကာ အိပ်မက်ကမ္ဘာထဲ၌ ပျော်နေမှာသေချာသည် ။

Killian : " Sweet dreams , Baby . . "

နူးညံ့စွာ ဆုတောင်းပေးရင်း သူ့အားကျောခိုင်းထားသော ခန္ဓာကိုယ်လေးကို ခါးလေးမှ သိုင်းဖက်ကာ အနားတိုးလိုက်သည် ။
ထို့နောက် နားရွက်လေးကို ဖုံးအုပ်ထားသော ဆံနွယးတွေကို ဖယ်ပေးလိုက်၏ ။
သူသည် ရှည်ရှည်ဝေးဝေးတွေ မစဉ်းစားပဲ နတ်ဆိုးများကို လွှတ်ပေးလိုက်ပြီ ။

သူမးတော့ သူ့အားသေချာပေါက် စိတ်ဆိုး‌လေတော့မည် ။

ရုန်းကန်ကာငြင်းဆိုမည့် ဒေါသမျက်နှာလေးကို မြင်ယောင်မိတော့ တစ်ကိုယ်လုံးစိမ့်ခနဲ နွေးသွား၏ ။
ပူလောင်လာသောသူ၏အသွေးအသားတစ်ခုလုံးက တုန့်ပြန်သည် ။
စိတ်လှုပ်ရှား ဝမ်းသာမှုတွေအပြည့် ။

အား . . သူ အဲဒီအမူအရာလေးတွေကို သိပ်ချစ်မိနေပြီ ။
သူမအတွက် သိပ်အန္တရာယ်များသွားပြီ ။
စိတ်ကူးတွေဖြင့် နတ်ဆိုးမင်းသားသည် လှပစွာပြုံးလိုက်လေသတည်း ။

****************************

အခွင့်အရေးကို အပြည့်အဝယူကာ သူသည် ဤအခိုက်တန့်လေးကို အမြတ်တနိုးထားမိသည် ။
အိပ်ပျော်နေသောကြောင့် သူ၏ ညှင်သာသော အထိအတွေ့တို့သည် သူမအတွက် သာယာမှုများသာ ။

Tasting RED : Eros (Completed)Where stories live. Discover now