literally, this is the END

14.9K 918 74
                                    

#Zawgyi

စိတ်ကို မြူးကြွစေသောသီချင်းသံသည် အဓိပ္ပါယ်ပြည့်ဝသောစာသားတွေကိုသာကြိုက်နှစ်သက်တဲ့ ကောင်မလေးတစ်ယောက်အတွက် နှလုံးသားထဲမရောက် ။
ရှိန်းပြသော အရသာရှိ‌သည့် အရောင်စုံအရည်တချို့သည် ချိုအီသော ဗန်နီလာကိုသာ သဘောကျတဲ့ ကောင်မလေးတစ်ယောက်အတွက် မက်မောစရာမဟုတ် ။

ဒါဆိုရင် ဘာကြောင့် May တစ်ယောက်ဟာ ဆူဆူညံညံ အနံ့ပေါင်းစုံမွှန်ထူသော ပါတီတစ်ခုကိုတက်ရောက်နေရသနည်း ?
အဖြေကရှင်းပါသည် ။
နက်ပြာရောင်ဖန်လုံးကလေးတွေကို မျက်ဝန်းထဲထည့်သိမ်းထားတဲ့ ကောင်လေးတစ်ယောက်ကြောင့်ပေါ့ ။

သူ၏ အသိမိတ်ဆွေသူငယ်ချင်းများဖြစ်ပုံရသောအုပ်စုတစ်စုကြား စကားပြော ရယ်မောနေသော သူ့ကို May ခပ်လှမ်းလှမ်းမှကြည့်နေ၏ ။
အနှီအုပ်စုထဲ သူ၏အိမ်သို့ May ပထမဆုံးရောက်ဖူးစဉ်က အရက်အတူတူသောက်ခဲ့ဖူးသော မျက်မှန်းတမ်းမိသည့် သူတချို့ပါဝင်နေ၏ ။
ထိုအထဲ၌ May. မျက်လုံးထဲ အထင်ရှားဆုံးမှာ ဆံနီကြောင်ကြားနှင့် ဖက်ရှင်အမြင်မရှိသော ကောင်လေး ။
May မှတ်မိသလောက် ထိုကောင်လေးသည် May. ရဲ့ကြောင်ဖြူလေးကို စောင့်ရှောက်ထားပေးသည့် သူ၏သူငယ်ချင်းဆိုသူ Ray . . . ။

Killian : " ဘေ့ ဆော်တီး
ဟိုကောင်တွေနဲ့မတွေ့တာကြာလို့ နည်းနည်းကြာသွားတယ် တစ်ယောက်တည်း ပျင်းနေပြီလား ? "

တအောင့်ကြာမှ May. အနားကို မျက်နှာမှာအပြုံးမပျက်ပဲ သူပြန်ရောက်လာသည် ။
သူ့အသံက May မသက်မသာဖြစ်မှာကို စိတ်ပူနေပုံ ။
May ပြုံးကာ ခေါင်းခါလိုက်၏ ။

" ဟင့်အင်း မပျင်းပါဘူး "

ဒါဟာ အဖြူရောင်အလိမ်အညာလေးတစ်ခု ။
အခြားသူတွေနဲ့ စကားတွေအများကြီးပြောရတာထက် သူ့ပုခုံး‌ကိုမှီပြီး ငြိမ်းချမ်းနေရတာကို နှစ်သက်သူပါ ။
ဒါပေမယ့် ခမ်းနားလွန်းတဲ့ သူ့ဘဝမှာ May ဟာသေးငယ်တဲ့ ကမ္ဘာ ။
ဒါကြောင့် May မဆွဲထားချင်ပါဘူး ။

Killian : " အမ် . . . ဘေ့ ကိုယ်တို့နဲ့တူတူလာထိုင်ပါလား
ကိုယ် မိတ်ဆက်ပေးချင်တယ် "

May နဲ့ သူ့ကို အဝေးမှစိတ်ဝင်တစားကြည့်နေသောသူ၏သူငယ်ချင်းအုပ်စုဖက် ခဏလှည့်ကြည့်ကာ မေးလာ၏ ။

Tasting RED : Eros (Completed)Where stories live. Discover now