' You are the Sunflower (2) '

18.2K 1.2K 17
                                    

Unicode Below ⬇️

#Zawgyi

နေကြာပန်းလေးအား Dawn နောက်ဆုံးစကားပြောခဲ့သောနေ့သည် နေသာတဲ့နေ့တစ်‌နေ့မဟုတ်ခဲ့ ။ ကောင်းကင်ကြီး မှောင်မိုက်အုံ့မှိုင်းကာ ဆူညံ့လွန်းသောနေ့တစ်နေ့ဖြစ်ခဲ့သည် ။ 

ဘေကျင်း ပြည်သူ့ဆေးရုံကြီး၏အရှေ့၌ ကင်မရာတကားကားနှင့် စောင့်နေသော လူအုပ်ကြီးရှိနေသည် ။

" 2012 ခုနှစ်ရဲ့ အကြီးမားဆုံးမှူခင်းတစ်ခုဖြစ်လာနိုင်တဲ့ နိုင်ငံကျော်မော်ဒယ် သရုပ်ဆောင် July Summer ရဲ့ သေဆုံးမှု အကြောင်း အသေးစိတ်ဖော်ပြပေးသွားမှာပါ ။ Channel News Beijing ကိုဆက်လက်စောင့်ကြည့်ပေးကြပါရှင် "

" July Summer ဟာဆိုရင် နေအိမ်ရဲ့
အတွင်း ... "

" မော်ဒယ် သရုပ်ဆောင် July Summer ရဲ့နေအိမ်တွင်းသေဆုံးမှု ... "

တစ်ယောက်တစ်ပေါက် အပြိုင်အော်ဟစ်
တင်ဆက်နေကြ‌သည့် မီဒီယာသမားတို့သည် သားကောင်လုနေကြသော တိရစ္ဆာန်များအလား ... လူသားဆန်မှုနှင့် ကိုယ်ချင်းစာတရား ကင်းမဲ့စွာ တစ်ပါးသူ၏ကံဆိုးမှု၌ စိတ်အားထက်သန်ကြလေသည် ။ ထိုအခြင်းအရာအား တိတ်ဆိတ်စွာ စောင့်ကြည့်နေသောဆေးရုံ၏အတွင်းတစ်နေရာမှ ကောင်လေးတစ်ယောက်သည် အရွယ်နှင့်မလိုက်သော အသိတရားများကို နှလုံးပြုလျက် ... ။

လူသားများသည် လူသားဆန်မှုကိုစွန့်ခဲ့
ပါလျင် ၊မေ့လျော့ခဲ့ပါလျင် ,ထိုအချိန်မှာ လူ့ဘဝကို အစစ်အမှန်ဆုံးရှူံးခြင်းဖြစ်မည် ။  ကိုယ်ချင်းစာတရားကဲ့သို့သော အခြေခံလူသားဆန်စိတ်ကိုဖောက်ဖျက်ကာ ရယူသောအောင်မြင်မှုသည် အခွံသက်သက်သာ ။

" သား , လာ May. ကိုသွားကြည့်ရအောင် ။ အဖေကြိုပြောထားမယ် ကလေးက အခုအသက်အရွယ်နဲ့မလိုက်အောင် အဖြစ်ဆိုးတွေကြုံခဲ့ရတာ ... သားကအစ်ကိုကြီးဆို‌တော့ နည်းနည်း ... "

သားဖြစ်သူ၏ ပုခုံးကိုကျစ်ကျစ်ဆုပ်ကာ
ဆုံးမနေသော စိတ်နှလုံးမှန်ကန်သည့် ဖခင်၏ ဆိုလိုရင်းကို Dawn သဘောပေါက်ပါသည် ။

Tasting RED : Eros (Completed)Where stories live. Discover now