Special : Angry God (1)

13.9K 626 59
                                    

Check Unicode Version below ⬇️

#Zawgyi

လူတွေ ခဏခဏမေးကြတယ် ...
Angry God နဲ့နေရတာ ဘယ်လိုအတွေ့အကြုံမျိုးလဲတဲ့ ?

May ခပ်ပြုံးပြုံးသာ နေလိုက်တယ် ...
ပြောပြလဲ မသိနိုင်ပါဘူးလေ...

' Angry God ' ဆိုသော အမည်ဟာ ဆိုရှယ်မီဒီယာက ချစ်ရသောနတ်ဆိုးလေးအား ပေးအပ်ထားသော ဘွဲ့တစ်ခုဖြစ်သည် ။

မကြာသေးခင်ကမှ မက္ကာအိုတွင် သူတည်းနေသော ဟိုတယ်သို့ လုပ်ကြံသတ်ဖြတ်သူများဝင်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည် ။ သို့သော် ထိုလုပ်ကြံသူများသည် ထိုညတွင်းချင်းပဲ သူ့လက်ထဲ ပြန်လည်ဖမ်းဆီးအပြစ်ပေးခံခဲ့ရကြောင်း သတင်း၌ပါခဲ့၏ ။

သတင်းရဲ့အကြောင်းအရာက သိပ်တော့မထူးခြား ။ အင်အားကြီးသူတွေ အချင်းချင်း လုပ်ကြံကြသော သာမန်သတင်းဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်သည် ။ ဒါဆိုရင် ဘယ်အရာက အင်တာနက်ပေါ်မှ နှုတ်ခမ်းနီမလေး‌တွေ၏ အာရုံစိုက်မှုကို ဖမ်းစားသွားသနည်း ?

ရှင်းလင်းရပါလျှင် အခြားမရှိ ။ သူ့ရဲ့ အပေါ်ပိုင်းအဝတ်တလှစ်နဲ့ နောက်ကျောပြင်ပဲဖြစ်၏ ။

ဟုတ်ပါသည် ။ သူသည် ထိုနေ့ညက သူသည် လုပ်ကြံသတ်ဖြတ်သူအဖွဲ့နဲ့ အပြိုင်ပစ်ခတ်ချိန်မှအစ ထိုသူများအား အပြစ်ပေးသည်အဆုံး အပေါ်ပိုင်းအဝတ်မပါပဲ ပြုလုပ်ခဲ့တာဖြစ်သည် ။

ဖြစ်ချင်တော့ သေနတ်ကိုင်ထားတဲ့ သူ၏ နောက်ကျောသဏ္ဌာန်အား စီစီတီဗီဖြင့်စက္ကန့်ပိုင်းမျှ ဖမ်းမိသွားခဲ့ကာ ဗလာကျင်းသော Angry God အဖြစ် ကောင်မလေးများ သည်းသည်းလှုပ်သွားခဲ့၏ ။ ဆွဲဆောင်မှုများ အဟုန်းဟုန်းတောက်နေတဲ့ နောက်ကျောပိုင်ရှင်အား ထိုနှာဘူးမလေးအတော်များများက Killian King ကိုယ်တိုင်ပဲဟု ကောက်ချက်ချကြသည် ။

သေချာပေါက် သူဖြစ်မှန်း နောက်ကျောပုံရိပ်တစ်ခုတည်းဖြင့် တရားဝင်သက်သေမပြနိုင်ခဲ့တာကြောင့် မဖမ်းဆီးနိုင်ခဲ့ပေမယ့် May ကတော့ သေချာသိခဲ့သည် ။

အဲ့ဒီနေ့မတိုင်ခင်ညကမှ သူ့နောက်ကျောပေါ် May ပေးခဲ့မိခဲ့သည့် လက်သည်းကုတ်ရာတွေကြောင့်ပေါ့ ... ။

Tasting RED : Eros (Completed)Where stories live. Discover now