' Can Never Be One & Only '

11.5K 807 68
                                    

#Zawgyi

အိပ်ယာဖြူထပ် ထိုင်ငိုင်နေသော May.ရဲ့ မျက်လုံးတွေက အမှောင်တွေထဲကို ကြောင်စီစီငေးမောလျက် ။
နှစ်ယောက်ဆိုရင် နွေးခဲ့တဲ့ အဲယားကွန်း‌အပူချိန် ၂၆° က မခံနိုင်လောက်အောင်ပဲ ။
ဂနာမငြိမ်သော မျက်ဝန်းသူငယ်အိမ်တွေက ပြူးကျယ်သွားလိုက် မှေးမှိန်သွားလိုက် ။
အတွေးအကြံတွေက ခေါင်းထဲ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာသည် ။

အခုပဲ သူ့နောက်ကိုလိုက်ပြီး လက်ပူးလက်ကြတ်မိအောင်ဖမ်းလိုက်မယ် . . .

ဟင့်အင်း . . . May. မှာခံနိုင်ရည်တွေမရှိဘူး May သေဆုံးသွားလိမ့်မယ် . . .

သူ့ကိုထားခဲ့လိုက်တော့ . . .
သူ့ရဲ့ အဝေးကိုထွက်သွားလိုက်တော့. . .

စိတ်ဆောင်တော့ ခန္ဓာကိုယ်ကအလိုလိုရွေ့ကာ အိပ်ယာပေါ်ကအမြန်ဆင်းလိုက်သည် ။

အကယ်၍ သူ သွားတာ Vi ဆီမဟုတ်ဘူးဆိုရင်ရော . . . ?

ထိုသို့အတွေးလေးဝင်လာတော့ အကြင်နာပုံရိပ်လေးတွေကို သတိရသည် ။
ဒါပေမယ့် . . .
သူမဆီသွားတာမဟုတ်ရင် May. ဆီကနေ သူဘာလျှို့ဝှက်နေစရာလိုမလဲ ?

မြိုချထားတဲ့ ကြေကွဲမှုတွေက လည်ချောင်းဝမှာစို့နင့်ကာနေသည် ။
ခေါင်းအေးအေးထားဖို့ ကြိုးစားလေ၊ ကျရှုံးလေ ။
ဖိဆုပ်ထားတဲ့ လက်လေးတွေလဲ ချွေးစေးတွေနဲ့ ။
တုန်ယင်နေသော ခန္ဓာကိုယ်တစ်ခုလုံးက ကဖင်းဓာတ်လွန်နေတဲ့ အရူးတစ်ယောက်ပမာ ။

ဝေးများဝေးသွားကြရင်ဆိုပြီး ကြိုတင်ပြင်ဆင်ထားမှုတွေဟာ တကယ်ဝေးတော့လဲ အသုံးဝင်ပါဘူး ။
လောကကြီးမှာ နာကျင်စရာအကောင်းဆုံးအရာဟာ ကိုယ်သိပ်ချစ်တဲ့သူက သူသိပ်ချစ်တဲ့သူကို ရှာဖွေတွေ့ရှိသွားတဲ့ အချိန်ပါပဲ ။
သူမရဲ့ ရင်ခွင်က May. ထပ်နွေးတယ်ထင်ပါရဲ့ ။

ပူနွေးနွေးခံစားချက်နဲ့အတူ ပါးပြင်တစ်ဖက်ပေါ် ရေစက်ကလေးတွေယိုစီးကျလာသည် ။
ဒီလောက်နာကျင်ရမယ်မှန်းသိရင် သူ့ရဲ့ခြေထောက်ကိုဖက်တွယ်ပြီး မသွားပါနဲ့လို့ တောင်းပန်ခဲ့ပါတယ် . . . . .
မာနတစ်ခုနဲ့ မသိကျိုးကျွံပြုခဲ့ပေမယ့် အတ္တတစ်ခုနဲ့ပိုင်ဆိုင်ချင်နေတုန်းပဲလေ ။

Tasting RED : Eros (Completed)Where stories live. Discover now