Who is Killian King ?

21.3K 1.4K 67
                                    

Unicode is below ⬇️

#Zawgyi

Killian : " ကိုယ့်ဘေဘီလေးက သတ္တိရှိလိုက်တာ ။ ဒါပေမယ့် သတိထားလေ ဘေဘီ ။ တခါတလေကျရင် မျက်စိရှေ့မှာမြင်တာက ပါပီလေးပေမယ့် ၊ အမှန်တကယ်တော့ ဝံပုလွေကြီးဖြစ်နေတတ်တယ် "

သူ May. ကို ခြိမ်းခြောက်သော်လည်း
May. မျက်လုံးတွေ မယိမ်းယိုင်သွားပေ ။
အဘယ်ကြောင့်ဆိုသော် သူသည် ဝံပုလွေ‌ တစ်ကောင်တင်မဟုတ် ၊ နတ်ဆိုးတို့၏ သခင် စေတန်တစ်ကောင်ဖြစ်ကြောင်း May သိထားပြီးလို့ပင်။

May. ရဲ့မကြောက်မလန့်ပုံစံ‌လေးကို မြင်တော့ သူ ပင့်သက်ချလာ၏ ။

Killian : " မကြောက်ဘူးဆိုရင်လဲ  မငိုရဘူးနော် "

သတိပေးရင်း May . မေးစေ့ကို ပင့်ပြီး သူ ငုံ့နမ်း၏။ နှုတ်ခမ်းပါးတွေ၏ အထိအတွေ့က နူးညံ့ကာ စိုစွတ်သည် ။ May. နှုတ်ခမ်းဖူးဖူးလေးကို အားဖြင့် ဆွဲယူကာ စုပ်ယူနမ်းရှိုက်သည် ။ သဘာဝကျလွန်းသော လှုပ်ရှားမှုများကြောင့် သူ့နှုတ်ခမ်းပါးတွေသည် May.
နှုတ်ခမ်းတွေကို သိမ်းပိုက်ဖို့ ဖြစ်တည်လို့လာလေသလား အောင့်မေ့ရသည်။

နူးညံ့သာယာမှုများကြောင့် ခန္ဓာကိုယ်အတွင်းမှ လှိုက်ထွက်လာသော ပူနွေးနွေးခံစားချက်တွေက တစ်ကိုယ်လုံးကိုလွှမ်းမိုးသွား၏ ။ May မျက်ရည်လေးတွေစို့လာသည် အထိ သူ လွတ်မြောက်ခွင့်မပေးခဲ့ . . .။

" ဟင်း . . . ‌Ki " 

လွန်စွာမောပန်းလာ၍ May သူ့ရင်ဖက်ကို တွန်းလိုက်မှ သူရပ်သွားသည် ။ ရီဝေကာ မူးယစ်နေဟန်ရှိသော နက်ပြာလေးတွေက May. ကို စိုက်ကြည့်သည်။ သူ့အသက်ရှူသံတွေက လှိုင်းထန်နေကာ အကုန်ချုပ်တည်းထားရသလိုပင် ။

May လဲ ထိုအခါမှ တံတွေးမြိုချမိသည် ။
သူ ပြောတဲ့ ခံစားချက်တွေက အပိုတွေပြောနေတာမဟုတ်ခဲ့ ။ သူ May. ကိုထင်ထားသည်ထပ်လိုချင် တောင့်တနေခဲ့သည် ။

Killian : " ဘေဘီ ရရဲ့လား ? နှုတ်ခမ်းတွေနာသွား‌သေးလား ? "

Tasting RED : Eros (Completed)Where stories live. Discover now