' Hungry for you '

24.9K 1.3K 24
                                    

Unicode is below ⬇️

#Zawgyi

‌" ‌King , ဘာလို့ ဒီနေ့ကျောင်း အစောကြီးလာတာလဲ ဟင် ? "

" ခုတလော တို့တွေနဲ့ သိပ်မဆော့တော့ဘူးနော် ။ တစ်ယောက်ယောက်နဲ့တွဲနေပြီလား ? "

" King ? ဖြေပါဦး ဟင် ? ရည်းစားရသွားပြီလားလို့ ? "

သာလိကာရှုံးသော ကောင်မလေးတစ်စု၏ စကားသံများကို သူ လစ်လျှူရှုကာ ကျောင်းဂိတ်ဝ၌ နှင်းမှုန်တွေထဲ ရပ်စောင့်နေ၏ ။ ထိုကောင်မလေးတစ်စုမှာလဲ အအေးဒဏ်ကို အံတုကာ ဇွဲရှိရှိပဲ သူ၏အနား၌ တဝဲလည်လည်လာလုပ်နေကြလေသည် ။ 

အေးချမ်းသော ‌ဆောင်းနက်နံခင်းတစ်ခုတွင် သူသည် ချစ်ရသူရဲ့ မျက်နှာကို ဖူးမြင်ပြီးမှ အတန်းထဲဝင်မည်ဟု ဆုံးဖြတ်ကာ ကျောင်းစောစောလာခဲ့ခြင်းဖြစ်၏ ။ အိမ်မှာလာကြိုပြီး တူတူကျောင်းတက်ကြမည်လို့ သူပြောခဲ့စဉ်က ' လူတွေကို မသိစေချင်သေးဘူး ' ဆိုတဲ့ အကြောင်းပြချက်ဖြင့် အငြင်းခံခဲ့ရသည် ။ ချစ်သူတွေဖြစ်ပါလျက် ကျောင်းတောင်တူတူသွား တူတူမပြန်ရပေ ။

ရည်းစားထားရတာက သည်လောက်ခက်မည်ဟု သူမထင်ခဲ့ ။ချစ်သူ၏ အလိုက ပထမဖြစ်ကာ မိမိ၏ဆန္ဒက နောက်ဆုံးမှလိုက်ရသည်။

အနည်းဆုံးတော့ သူနဲ့တွဲလို့ သူမ မပျော်လျင်တောင် နေ့စဉ်ဘဝမှာ အခက်တွေ့ရတာမျိုးတွေ မဖြစ်စေချင်။ သူ၏ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မိန်းကလေးတွေကြား လူကြိုက်များ ရေပန်းစားမှုကိုပြစ်ချက်ကြီးဟု အထင်ရောက်မိ၏။ ထို့ကြောင့်လဲ သူ၏ဘေဘီလေးသည်
သူ့လိုကောင်မျိုးနဲ့ ချစ်သူဖြစ်ကြောင်း
မဖော်ထုတ်ချင်တာ‌ ‌နေမည် ။ ရှက်တာနေမည် ။

မိန်းမတိုင်းနဲ့ လိုက်အိပ်နေတာက ဘာဂုဏ်ယူစရာမှ မရှိတာ . . . ။

သူ ထို့သို့တွေးမိလိုက်သည်နှင့် နဘေးမှ ပါးစပ်မပိတ်နိုင်ကြသော ကောင်မလေးတွေအား ဒေါသဖြစ်လာတော့သည် ။

Killian : " တောက် ! "

သူတက်ခေါက်လိုက်သည်နှင့်ကောင်မလေးတွေအကုန် အသံတိတ်သွား၏ ။ ဒေါသထွက်နေသော King သည်
ယခင်ကထက်ပိုပြီး ကြောက်စရာကောင်းလေရာ သူ၏ပြစ်မှတ်မဖြစ်ချင်ကြ၍ ဝေးဝေးပြေးကုန် ကြသည် ။

Tasting RED : Eros (Completed)Onde histórias criam vida. Descubra agora