' You are the Sunflower (1) '

20.6K 1.3K 8
                                    

Unicode Below ⬇️

#Zawgyi

ဖြူကြည်သောအသားအရောင်ကြောင့်
ကျောက်စိမ်းရုပ်လေးပမာ ထိရက်စရာမရှိအောင် ချောမောသော ကောင်လေးသည် BMW ကားနက်ကြီး၏အနောက်ခန်း၌ ရွှေမျက်နှာတော် ညိုးလျက်လိုက်ပါလာ၏ ။
ဖခင်ဖြစ်သူကတော့ သားဖြစ်သူ၏ အလိုမကျသောမျက်နှာအား အနောက်ကြည့်မှန်မှ တစ်ချက်တစ်ချက်လှမ်းလှမ်းကြည့်ကာ သဘောကျလျက် ... ။

နွေရာသီကျောင်းပိတ်ရက်တွင် အဖေဖြစ်သူ၏ အလုပ်ကိစ္စများကိုသာ ဝိုင်းကူရင်း အချိန်ကုန်ခဲ့ရသည် ။ အခုလဲ မရှိကရှိက မိမိ၏နားရက်ကလေးအား ရှေ့နေတစ်ယောက်ဖြစ်တဲ့ဖခင်၏ အမှုသည်တစ်ယောက်အား တွေ့ရန်လိုက်ခဲ့ရပြန်ပြီ ။

အဖေတစ်ခု သားတစ်ခုဖြစ်၍ ဖခင်ဖြစ်သူသည် Dawn အား ငယ်ရွယ်စဉ်အခါတည်းက မိမိ၏အလုပ်အကိုင် ရှေ့နေပညာကို လေ့လာစေခဲ့သည် ။ ၁၅ နှစ်မျှသာရှိသေးသော သားရတနာအား သူတာဝန်ယူရသော တရားခွင်များကို တက်ရောက်စေ၏ ။ အိမ်၌လဲ မနားမနေ အမှုအရေးအရာများကို သင်ကြားပို့ချခဲ့သော ကြောင့် Dawn သည် ဖခင်ကွယ်လွန်ပြီးသော် Light ဥပဒေအကြံပေးကုမ္ပဏီ ၏ ဥက္ကဋ္ဌအရာကို ငယ်ငယ်ရွယ်ရွယ်နှင့် တာဝန်ယူနိုင်ခဲ့လေသည် ။

ဖခင်ဖြစ်သူ ခေါ်သွားခဲ့ဖူးသော အမှုသည်အိမ်များတွင်မှ အမှတ်တရအဖြစ်ရဆုံးမှာ နေကြာခင်းကြီးအလယ်က စံအိမ်ကြီးတစ်ခု ။ ထိုစံအိမ်၌ နတ်သမီးတမျှလှပသော အမျိုးသမီးတစ်ဦးနှင့် Dawn နဲ့မတိမ်းမယိမ်းအရွယ် ကောင်မလေးတစ်ယောက်နေထိုင်၏ ။

သို့သော် Dawn ၏ စိတ်ထဲ၌ ထိုသားအမိအားအမှတ်ရနေခြင်းမှာကား သူမတို့မည်မျှချောမောကြသည့် အချက်ကြောင့်မဟုတ်ခဲ့ ။ ထို Summer သားအမိနှင့်
ပတ်သက်သော အကြောင်းအရာများသည် သာမန်မဟုတ်နေခဲ့တာကြောင့်ပင်ဖြစ်၏ ။

" မင်း သူတို့အိမ်ကိုရောက်ရင် သဘောကျသွားမှာပါ ။ အဲ့ဒီအိမ်ကနေ ပြန်ချင်မှာတောင်မဟုတ်ဘူး စောင့်ကြည့် "

ကားမောင်းနေရင်း စိတ်အလိုမကျဖြစ်‌နေသော Dawn ကို ဖခင်ဖြစ်သူက လှမ်းချော့၏ ။ အဖေ့အသံက Dawn အား ကျီစယ်နေသယောင် ... ။

Tasting RED : Eros (Completed)Where stories live. Discover now