Teaching Math to A Devil 😈

22.3K 1.3K 22
                                    

Unicode is below ⬇️

#Zawgyi

ဧည့်ခန်းရှေ့ ဗရန်တာ တံခါးကို
ဖွင့်လိုက်သည်နှင့် လေ‌ပြေအေးက
ဇွတ်အတင်း ဝင်ရောက်လာသည် ။
နံနက်မိုး‌သောက် ကောင်းကင်ယံသည်
မြူနှင်းတို့ကြောင့် အုပ်ဆိုင်းမည်းမှောင်လျက် . . .  ။

တစ်နေ့လုံး အေးစိမ့်နေဦးမည်ကို
သဘောပေါက်သည်နှင့် May ပင့်သက်ရှိုက်မိသည် ။ ဆောင်းဦးလွန်၍ ‌ဆောင်းကို ရောက်ခဲ့ပြီ ။

ဒီနေ့ ရာသီဥတုသာယာ ပါ့မလား လို့
အတွေးရောက်မိသည်နှင့် သူ့ဖက်ကောင်းကင်ကို ပိုပြီး ပြာလွင်စေချင်
သေး၏ ။  May . ဖက်မှာတော့
သူမရှိသော အရပ်မို့ နေရောင်ဖြာ နွေးနိုင်ပါ့မလား ? လေပြေတွေ သွေးနိုင်ပါ့မလား ?

May . အားသူ ဖွင့်ဟဝန်ခံခဲ့သည့်
ညတစ်ခု အကြောင်းကို May ရောသူပါ နောက်တစ်နေ့တစ်ခွန်းမဟကြပါ ။
May တို့နှစ်ယောက် ပုံမှန်အတိုင်းလေးပဲ စကားဆိုဖြစ်သည် ။ သို့သော်လည်း တစ်ခါကလို ရင်ခွင်တွေ မနီးနေတော့ ။
ပူပြင်းသော မီးခဲကိုရေဖြန်းလိုက်သလို တပြိုင်နက် ငြိမ်းအေးသွားခဲ့သည် ။

သူက ကျောင်းဆက်တက်ဖြစ်ပေမယ့် Special class ထဲရောက်သွားသဖြင့်
May နဲ့ အမြဲမတွေ့ဖြစ်တော့ပေ ။ ထို Special class သည် စာမေးပွဲကျခါနီးကျောင်းသားများအတွက် သီးသန့်
စာသင်ပြပေးသည့် အတန်းဖြစ်၍ ရိုးရိုးအတန်း‌များထပ် အချိန်ပိုသင်ရ၏ ။

နောက်ဆုံး အနေဝေးသွားကြကာ ဖုန်းနဲ့တောင်အဆက်အသွယ်မပြုဖြစ်‌‌တော့ ။ သူ့ဖက်မှလဲ မစခဲ့သလို ၊ May. ဖက်မှလဲ စဖို့မကြိုးစားခဲ့ ။

ဝေးရပါစေလို့ ဆုတောင်းပြီးမှ နှလုံးသားတွေထပ်တူကြနေပါပြီတဲ့ ။  May တို့ အဖြစ်က တွေးကြည့်လျင် ဟာသဆန်သည် မဟုတ်လား ။ အခုတော့အကြောင်းအရင်းမရှိ ဝေးနေကြပြီလေ ။

စာသင်ချိန်တွေကို အားတင်းဖြတ်သမ်းပြီးနောက် ကျောင်းဆင်းခဲ့ပြန်ပြီ ။

Killian King ဆိုသည့် ကောင်လေးနှင့်တွေ့ဆုံပြီး May ဘဝတွင် အရာရာပြောင်းလဲခဲ့ကြောင်း ယခုအချိန်မှ သိသာသည် ။ လောကကြီး၌ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ချုပ်ငြိမ်းသွားသလို . . . တစ်ပတ် ၊ ဆယ်ရက်လေးက နှစ်ပေါင်းကဋေအကြာ ညှင်းပန်းမှုများအလား ။

Tasting RED : Eros (Completed)Where stories live. Discover now