Her Pride & Heart

20.1K 1.3K 11
                                    

Unicode is below ⬇️

#Zawgyi

လရောင်ဆန်းသော ညတစ်ခု၏ လှည့်စားမှုကြောင့် သူ ရှာဖွေတွေ့ရှိခဲ့သော အနီရောင်လေးတစ်ခုသည် သူ့ဆီမှ ထွက်ပြေးသွားခဲ့သည် ။ ထိုညမှအစပြု၍ သူလိုလူမျိုးအတွက် မဟုတ်ခဲ့သော သဘာဝလွန်ဖြစ်ရပ်တွေဖြစ်ပေါ်ခဲ့လေသည်  ။

ရင်ခွင်တစ်ခုလုံးနှင့်တစ်စုံတစ်ယောက်ကိုလွမ်းခဲ့၏ ။

မပိုင်ဆိုင်ထားဘူးထင်ခဲ့သော ဘယ်ဖက်ရင်အုံထဲမှတစ်စုံတစ်ရာ ပျောက်ဆုံးနေခဲ့ပြီ ။ သိလိုက်ပါပြီ ။ သူမယူသွားပြီ ။
ယူသွားရုံမကပဲ ဝှက်ထားခဲ့ပြီ ။ သူမရဲ့ နှလုံးသားရဲတိုက်ထဲမှာလေ . . . ။ 

ပြန်ယူဖို့ အားတင်းသွားခဲ့သော်လည်း
ငေးကြည့်ရုံဖြင့် နားလည်နိုင်သည့် ဥပက္ခာအမုန်းတွေနဲ့ ရင်ဆိုင်ရသည်။ လစ်လျှူရှု မှုတွေက နှုတ်ခမ်းနီဖူးလေးတွေလောက်ချိုခဲ့ရင်ကောင်းမည် ။ သူ့မှာတော့ တစ်ချိန်က ဗန်နီလာတွေ အမှတ်နဲ့ပဲ ကြိတ်မှိတ်မြိုချနေရပါသည်  ။

အသည်းအသန်တွေ ဖြစ်လာတော့လဲ
ဒီဗန်နီလာသကြားလုံးတွေကို အားကိုးရတာပါပဲ ။ စားမိလျင် စားမိသလောက် လွမ်းခိုက်နာကျင်ရသည် ။ သို့ပေမယ့် မတတ်နိုင်ခဲ့ . . .ဗန်နီလာသည် ချိုသည် ။
ထိုနှုတ်ခမ်းလေးတွေလို . . . ။

နောက်ဆုံး ပိုင်ရှင်နောက် တကောက်ကောက်လိုက်ရတဲ့ အလေအလွင့်ဘဝရောက်ခဲ့၏ ။ ရင်တွင်းက အသံတွေကို စကားလုံးစီရာတွင် လွန်စွာညံ့သူဖြစ်ရကား သူမကို ရင်ဆိုင်ဖို့ သူမတတ်နိုင်ခဲ့ပါ ။
အနောက်ကလိုက်ရင်း အဝေးမှငေးကြည့်နေရုံသာ . . . ။

အရဲစွန်းကာ အနားကိုသွားလေတော့
သူမက သူ့ကို ခါးသီးစွာမုန်းနေလေပြီ ။
ရင့်သီးစွာ ငြင်းဆိုနေပြီ ။

ယခု သူထွေးပွေ့ထားသော ခန္တာကိုယ်လေးကို နောက်ထပ်ဖက်ထားခွင့်မရတော့ဘူးဆိုသည့် အသိက သူ့အားထိန့်လန့်စေသည် ။ သူမကို သူ မပိုင်ဆိုင်ရလျင် ၊အနီရောင်လေးကို ဆုံးရှုံးရလျင် . . .သူ ရူးသွားတော့မည် ။ 

“ အာ့ . . . “

ညည်းသံတစ်ခုကို ကြားလိုက်ချိန်တွင်တော့ သူသတိတွေဝင်လာ၏ ။

Tasting RED : Eros (Completed)Where stories live. Discover now