'Taste like Vanilla'💋

39K 2.2K 21
                                    

Check Unicode Below ⬇️

#Zawgyi

မျက်ရည်တွေခမ်းသည်အထိ ငိုခဲ့ရသည့်ပမာ တစ်ကိုယ်လုံးတုန်အောင်ရှိုက်နေသဖြင့် May ရင်တွေသည် စူးနေအောင်အောင့်၏ ။ Hot & Cold တစ်လှည့်ဆီအချက်မပေးပဲ ပြောင်းလဲတတ်တဲ့သူ့ကို ဘာကြောင့်မုန်းဖို့သိပ်ခက်နေသနည်း ?

Killian : " ဒါခြုံထား "

မိုးကြောင့်အေးစိမ့်စိမ့်ဖြစ်နေ၍ ခန္ဓာကိုယ်လေးကျူံ့ကာထိုင်နေသော May.ကို သူသတိထားမိသည်ထင်သည် ။ သူ့ကုတ်အကျီအနက်ကို ပုခုံးပေါ်လာတင်ပေး၏ ။

" ရတယ် "

Killian : "ရဘူး ! "

May. ကိုအတင်းဆွဲဝတ်ပေးလိုက်ပြီး သူ
ပြန်ငြိမ်သွားသည် ။ May လဲဘာမှမပြောတော့ပဲ သူပေးတာကိုလက်ခံကာ သူ့နည်းတူငြိမ်နေလိုက်သည် ။

မိုးသံသည်ငြိမ်းချမ်း၏ ။ မည်းမှောင်သောတဲအပြင်ဖက်လောကကြီးသည် May နှင့်လုံးလုံးမှ မသက်ဆိုင်တော့သလို... အထီးကျန်ဆန်သည့်ခံစားမှုလေးကို နှစ်ချိုက်၏ ။ အထီးကျန်မှုတွင် အေးချမ်းမှုတွေပါသည် ။ ခံစားတတ်လျှင် အထီးကျန်မှုတွင်ပျော်နိုင်သည်။

Killian : " မင်းအမြဲတမ်း ဒီလိုပဲခံစားနေရတာလား ? "

မိုးသံတွေကြား သူမေးခွန်းတစ်ခုထုတ်လာသည် ။ May ပြန်မဖြေပဲ သူ့ကိုကြည့်
မိသည် ။ သူကလဲ May.ကိုအဓိပ္ပါယ်ဖော်လို့မရသော မျက်လုံးတွေဖြင့်ပြန်ငေးနေ၏ ။

Killian : " တကယ်အဆင်ပြေလား ? ကိုယ်ပြောတဲ့အဓိပ္ပါယ်ကို မင်းသိသလား ? "

"သိတယ် ပြေတယ် "

တဖောက်ဖောက် ထင်းမီးပေါက်သံကြား ခြောက်ကပ်ကပ်ပြန်ဖြေမိသည် ။ May ကရင်ဖွင့်ရင် သူကနားလည်နိုင်မှာမို့လား ?

Killian : " အဆင်ပြေနေတယ်ဆိုတာက ဝမ်နည်းဖို့ကောင်းပါတယ် "

အက်ရှရှအသံတွင် ဝမ်းနည်းမှုတွေအနားကွပ်ထား၏ ။ မိုးသံတွေကြားထဲ တိုးညှင်းတည်ငြိမ်တဲ့ မှတ်ချက်လေးသည် ဘယ်သူ့အဖို့ ရည်ညွှန်းခဲ့လေသလဲ ကာယကံရှင်သာသိမည် ။

ထိုစကားကြောင့် တွေးခနဲဖြစ်ချိန် May သူ့ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားချင်မိခဲ့သည် ။ သူ့ရဲ့အနွေးဓာတ်ကို ခံစားချင်ခဲ့မိသည် ။ May ဘာတွေဖြစ်နေတာလဲ ?

Tasting RED : Eros (Completed)Where stories live. Discover now