' April in distress '

13.1K 906 55
                                    

#Zawgyi

ကျယ်လောင်စွာမြည်ဟည်းသော ခေါင်း‌လောင်းသံတစ်ခုသည် ချိုတလှည့်ခါးသက်သောအထက်တန်းကျောင်းသားဘဝ၏ အဆုံးသတ်ဖြစ်လေသတည်း ။
ဆယ်ကျော်အသက်အရွယ်ကို ဖြတ်သန်းကာ အနာဂတ်များကိုအသီးသီး ပုံဖော်ကြတော့မည် ။
တစ်စုံတစ်ရာ၏အဆုံးသတ်သည် ပိုမိုကြီးမားသောတစ်စုံတစ်ရာ၏ နိဒါန်း ။

အထက်တန်းအောင်မြင်ခြင်းအခမ်းအနားအပြီး ပေးအပ်သော‌ အောင်လက်မှတ်ကို ရင်ခွင်မှာပိုက်ကာ ‌ကျောင်းတော်ကြီးအား ချီးမွမ်းထောပဠာပြုတေးသီချင်း သီဆိုကြချိန်တွင် ငိုသံ၊ ရှိုက်သံများ‌ ရောပါလာတော့သည် ။
တချို့ဆရာ၊ ဆရာမများပါ မျက်ရည်ဝဲကြကာ ၊ ကျောင်းပျော်တချို့များမှာတော့ ငိုကြယိုကြနှင့်။
သေချာသည့်အချက်တစ်ခုက Royal High သည် သာမန်ကျောင်းသားထုအတွက် ကောင်းမွန်သောအမှတ်တရများကို ပေးစွမ်းနိုင်ခြင်းမရှိခဲ့ပေ ။
အင်အားကြီးသူတို့ အုပ်စိုးရာ တောရိုင်းနှင့်တူသော Royal High ဟုအမည်တွင်သည် ။
ထို့ကြောင့် ဦးနှိမ်ကာနေခဲ့ရသော ကျောင်းသူကျောင်းသားအများစုသည် ဤနေ့ကိုစောင့်ကာပျော်ရွှင်ကြမည်ဖြစ်သည်။
အတိတ်နဲ့မတူပဲ တောက်ပကာကွဲပြားသော အနာဂတ်ကိုမျော်မှန်းရင်း အားအင်ဖြင့်ကျောင်းကြီးအား ချန်ထားခဲ့တော့မည်ဖြစ်သည် ။

ဤမျှ သိုက်ဝန်းသောအခမ်းအနား၌ အများနှင့်မတူပဲ နက်ပြာတစ်စုံတို့မှာ စိုးရိမ်ပူပန်ရိပ်တွေကိန်းအောင်းနေ၏ ။
ထိုနက်ပြာတို့၏ ကြည်လဲ့သောဖန်သားပြင်တွင် ပုံသဏ္ဌာန်ငယ်လေးတစ်ခုထင်ဟပ်လျက် ။
‌‌စံပြကျောင်းသားများသာထိုင်ခွင့်ရှိသော ရှေ့ဆုံးခုံတန်း၌ ပုခုံးလေးကျုံ့ကာ ငြိမ်နေသောကောင်မလေးဆီ၌ မျက်လုံးဆုံချက်‌ တွေဆိုက်ရောက်နေ၏ ။

အခမ်းအနားကို မှတ်တမ်းတင်နေသော ဗီဒီယိုကင်မရာများကြောင့် သူမ ထိုသို့တုန်လှုပ်နေရခြင်းဖြစ်သည် ။
သူမ၏ အကြောက်တရားတွေကို ကောင်းစွာသိသူမို့ သူ့ရင်တွေပူလောင်နေပြီ ။
အကယ်၍ အကြောက်လွန်ပြီး မူးများမူးမေ့သွားခဲ့လျှင်. . . . . . ။
သူမ၏အနောက်သုံးတန်းမြောက်မှာထိုင်နေရတဲ့သူက ဘာမှတတ်နိုင်လိုက်မှာမဟုတ် ။
ခန်းမထဲဝင်ကတည်းက ကင်မရာများကြောင့် တုန်လှုပ်နေရှာသော မျက်ဝန်းလေးတွေကို မြင်ယောင်မိရင်း လက်သီးတွေဆုပ်ထားမိသည်။
ဤအဖြစ်အား ကြိုမြင်ခဲ့၍ သူမကို စာသင်ခန်းထဲဆွဲထားခဲ့တဲ့ သူပါ ။

Tasting RED : Eros (Completed)Where stories live. Discover now