Our Game

19.4K 1.4K 35
                                    

Unicode is below ⬇️

#Zawgyi

" ဟျောင့်တွေ ရှေ့ကထီးအောက်က အဖြူ ရောင် bikini လေးနဲ့ကောင်မလေးကို ကြည့်ကြည့် ... မော်ဒယ်လားမသိဘူး "

ပထမကောင်လေးက ဆိုသည် ။

" ဘော်ဒီက သေနိုင်တယ် "

ဒုတိယကောင်လေးက ထိုသို့မှတ်ချက်ပေးသည် ။

" မျက်နှာရော ? ငါမမြင်ရဘူး "

" တစ်ယောက်တည်းရပ်နေတာ ဟ ။ ငါသွားမယ် "

အနောက်အအေးဆိုင်၌ အုန်းရည်သောက်နေသော ကောင်လေးအုပ်စု၏ တစ်ယောက်တစ်ပေါက် ပြောသံကို May ကြားပါသည် ။ သို့သော် ထိုသို့အာရုံစိုက်မှု သည် မိမိအားရည်ညွှန်းမှန်းတော့
မသိလိုက်ပါချေ ။

ရေမကူးတတ်သော May.ကိုမှ အားမနာ
ပင်လယ်ထဲပျော်မြူးနေကြသောသူငယ်ချင်းကောင်းကြီးသုံးယောက်ထံ ဆူပုပ်ကာ ငေးရင်း May တစ်ယောက်တည်း နေကာထီးပြာအောက်ရပ်နေမိသည် ။ May့အား ခုဏကထိ အဖော်ပြုပေးနေခဲ့သော Dawn သည်လဲ အအေးသွားဝယ်မယ်ဆိုပြီးထွက်သွားတာ အတော်ကြာလေပြီ ။

" မိန်းကလေး ... "

အနောက်မှ ပုခုံးကိုတို့၍ခေါ်တော့ May လှည့်ကြည့်လိုက်သည် ။ ထိုကောင်လေးသည် May့မျက်နှာအားကြည့်ရင်း ကြောက်ရုပ်ပမာ ... စကားလဲမဆိုပါပဲ တေမိအလား ရပ်နေလေ၏ ။

" ဘယ်သူလဲ မသိဘူးရှင့် "

May က ထိုသို့မေးတော့မှ အသက်ဝင်လာပုံရကာ ...

" အင်း အာ ... ကျွန်တော်ပြောချင်တာက ... မိန်းကလေးက အရမ်းလှတယ်လို့ ... "

ထိုကောင်လေးသည် မျက်နှာတစ်ပြင်လုံးနီမြန်းကာ ပါးစပ်ကိုအမြန်ပြန်ပိတ်သည် ။

" ဟား ဟား ဟား ဒီကောင် လေကြီးလေကျယ်ပြောပြီးတော့ "

ထိုကောင်လေး၏အပြောကို အနောက်တွင်ရှိနေသော သူ၏အဖွဲ့မှကောင်လေးတွေ ဝိုင်းရယ်ကြသည်။ May လဲ ဤသို့အခြေအနေမျိုးနှင့် ပထမဦးဆုံးဖြစ်ကာ ကြောင်အမ်းအမ်းဖြစ်နေလေသည် ။ ထိုကောင်လေးသည်လဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကာ ရှက်‌နေပုံရသည်။

Tasting RED : Eros (Completed)Where stories live. Discover now