Red on her Body : Warning-R18

26.1K 898 58
                                    

#Zawgyi

ဆေးရည်တစ်စက်မှမတင်ရသေးသည့် ပတ္တူအထည်စအဖြူကြီးကို ရှေ့ထားပြီး ‌မှိုင်တိမှိုင်တိုင် ထိုင်ကြည့်နေတာ တစ်နေကုန်ပြီ ။
ဒီကနေ့လဲ သူ့ရဲ့ အရူးဦးနှောက်ထဲကနေ မှန်ကန်တဲ့အဖြေတွေ ထွက်မလာပါ ။
အဖြူရောင်ပေါ်မှာ အတွေးနဲ့ စရေးဆွဲလိုက်ကတည်းက နီနှင့်ရဲရဲ ၊ စိတ္တဇတွေသာ ဖြစ်ပေါ်လာသည် ။
' ပုံမှန် ' ဆိုတာက သူ့အတွက် ဘာကြောင့် ဒီလောက်ခက်ခဲနေရသလဲ ?
လူတိုင်း သူ့ကိုပြောကြသလို ' ပုံမှန် ' အတိုင်း သူမအနားပြန်နေပေးလိုက်ရုံလေးပဲဖြစ်သည်. . . ။

စိတ်ရှည်ရှည်နဲ့စောင့်ပေးရင် သူ‌မပြောတဲ့ ' တစ်ချိန်ချိန် ' ဆိုတဲ့ ကာလဟာရောက်လာမှာပါ ။
ဒါပေမယ့် အဲ့သလိုအကျိုးအကြောင်းနဲ့ တွေးဆလိုက်တိုင်း အူထဲအသည်းထဲကနေ လှိုက်ကာစူးတက်လာသည် ။
သူ စိတ်ရှည်ဖို့ ယုံကြည်ချက်မရှိ ။
သူ အခုပဲ သူမကိုလိုချင်သည် ။
အခန်းထဲသိမ်းထားလိုက်မည် ။
အပိုင်ယူလိုက်မည် ။
ဝါးမြိုပစ်လိုက်မည် ။
ပိတ်ကားဖြူပေါ် ထင်ဟပ်လာသော သူ့ရဲ့စိတ်ကူးပန်းချီတွေသည် အန္တရာယ်ကြီးစွာ ကွန့်မြူးလာသည် ။

Killian : " ကျွတ် !!! အခုအထိ ဘာမှမပြောင်းလဲသေးဘူးလား ? "

အချိန်မှီ သူရပ်တန့်ပစ်လိုက်သည် ။
မျက်လုံးကိုမှိတ် အံကိုကြိတ်ရင်း ငြီးငြူမိသည် ။

သူသာ လက်လျော့ပေးလိုက်လျှင် သူတို့နှစ်ယောက်စလုံး ခံစားစရာမလို ။
တစ်ကိုယ်ကောင်းဆန်တဲ့ လိုအင်တွေကို လွှတ်ချပြီး သူမရဲ့ဆန္ဒကိုသာ ဖြည့်စည်းပေးခဲ့သင့်သည် ။
အခုတော့ သူမထက်ဘာကမှအရေးမပါတော့ ။
အားပါးတရ ရယ်မောတတ်တဲ့ ‌အသံတွေ နဲ့ ဗန်နီလာ‌သင်းနံ့လေးကိုပဲ သူတောင့်တတော့သည် ။

Killian King သည် သည်လောက်ရိုးရှင်းတဲ့ ယောင်္ကျားပဲဖြစ်သည် ။
အဖြေသည် ဤမျှလွယ်ကူပါလျက် လွန်ခဲ့တဲ့နှစ်ရက်လုံးလုံး လက်ခံဖို့ငြင်းဆန်ခဲ့သည် ။
ဒါပေမယ့် သူအခုသူမကို သိပ်လွမ်းနေပြီလေ ။

ထိုင်နေရာမှ ဆတ်ခနဲထရပ်ကာ ဆံပင်တွေကို ခပ်ကြမ်းကြမ်းဖွပစ်လိုက်သည် ။
သူပဲ အရှုံး‌ပေးရပြန်ပြီ. . . ။
ဘာတတ်နိုင်မလဲ ။
သူဟာ အချစ်ကို ကိုးကွယ်သူ ။
သူ့ရဲ့ အချစ်ဟာ နှလုံးမဲ့တဲ့နတ်သမီးတစ်ပါး . . . ။
ဒါကြောင့် သူမရဲ့အလိုမှာ သူသည် စွမ်းအားမဲ့၏ ။

Tasting RED : Eros (Completed)Where stories live. Discover now