' The Story of the Rain Drops '

34.3K 2.2K 16
                                    

Check Unicode Version below ⬇️

#Zawgyi

အညိုရောင်တိမ်တိုက်တွေ လေပြေတစ်ချက်ပင့်တိုင်းရွေ့ပါသွားသည် ။ နွေဦးမိုးကြောင့် ခေါင်းပြူနေကြသည့်ရွက်ညွှန့်လေးတွေလဲ ဘယ်နေရာကြည့်ကြည့်နီနီဝါဝါနှင့် ။

နေဝင်ဆည်းဆာနောက်ခံတွင် ကောင်မလေးတစ်ယောက် ကောင်လေးတစ်ယောက်ကို စောင့်ဆိုင်းနေခဲ့သည် ။ ဤအခြင်းအရာဟာ ပုံပြင်လေးတစ်ပုဒ်ရဲ့အစများဖြစ်လေမလား ? ခက်သည်က ထိုကောင်မလေးသည် May Summer ဖြစ်ခဲ့ပြီး  ကောင်လေးသည် Killian King ဖြစ်နေခြင်းပင် ။

အတန်းပိုင်၏တောင်းဆိုမှုကို လိုက်လျောခဲ့ပြီး ‘ သနားစရာလေး ‘ ဆိုသည့် Killian ကို စာပြပေးရန်ဆုံးဖြတ်ခဲ့သည် ။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်မရှိ ။
မိုးရေထဲက ကြောင်ပေါက်လေးတစ်ကောင်ကိုကယ်ခဲ့လို့ May သူ့အပေါ် အမြင်တွေပြောင်းသွားခဲ့သည်လားဆို‌တော့ ... May က အဲဒီလို အပြောင်းအလဲမြန်တဲ့သူမဟုတ် ။

အခုတော့ ထိုဆုံးဖြတ်ချက်ကို နှစ်ခေါက်ပြန်စဉ်းစားရတော့မယ်ထင်ပါသည် ။ ညနေကျောင်းဆင်းရင် သူ့ကိုစာပြပေးမည်လို့ တီချယ်ချမ်းကို May ကအမှာပါးခဲ့၏ ။ တီချယ်ကလဲ သူ့ကိုပြောပြီးလွှတ်လိုက်ပါ့မယ်လို့ အာမခံခဲ့သည် ။ ဒါပေမယ့် ယခုညနေ ၅ နာရီကျော်သွားပြီဖြစ်သော်လည်း ကိုယ်တော်ကပေါ်မလာခဲ့ပေ ။

“ တောက် ! စေတနာနဲ့မတန်ဘူး “

ဆက်စောင့်နေရအောင် May ကမေတ္တာရှင်မကြီးလဲမဟုတ်နေ ။ ဒေါသထွက်မိတာနဲ့  ခပ်မဲ့မဲ့အပြုံးများဖြင့် လူကိုနှိမ်ချပြောဆိုတတ်သော မျက်နှာလှလှတစ်ခုအား မျက်လုံးထဲမြင်ယောင်လာ‌၏ ။

စိတ်ယိုင်မိတဲ့ကိုယ့်ကိုယ်ကိုသာအပြစ်တင်မိတော့သည် ။

တစ်ခါခိုးဖူးရင် တစ်သက်လုံးသူခိုး ။
တစ်ခါဆိုးဖူးရင် တစ်သက်လုံးလူဆိုးပဲတဲ့ ။

သည်လိုနဲ့ သောကြာနေ့ အလုပ်လဲမရှိသည်မို့ စားသောက်စရာများဝယ်ခြမ်းကာ အိမ်ပြန်ရောက်တော့ ညနေ ၆နာရီကျော်ခဲ့ပြီဖြစ်သည် ။

Tasting RED : Eros (Completed)Where stories live. Discover now