Falling Infront of the Tiger

44.2K 2.4K 32
                                    

{Check Unicode Below }

#Zawgyi

လောဘမရှိသောသူသည် မအောင်မြင် ။ ဒေါသမရှိသောသူသည် လေးစားမခံရတဲ့။ မှန်၏ ။
စာကြည့်တိုက်ထဲက အဖြစ်အပျက်ကို May သာဒေါသဖြင့် ရင်ဆိုင်ခဲ့လျှင် ဤသို့ခေါင်းပေါ်ထိတက်လာမှာမဟုတ် ။ အခုတော့ May.ကိုနင်းရင်ခံနေမည့်ဖိနပ်စုတ်ထင်နေလားမသိ ။ ပါးစပ်အရသာခံပြီးစော်ကားခြင်းခံရလေပြီ ။

ခေါင်းမိုးထပ်သို့ May တက်သွားခဲ့ကာ Killian King ဆိုတဲ့သူကို ဝှေ့ပတ်ရှာလိုက်သည် ။

" ဒီနေ့ည လာလို့ရလား ? လာခဲ့မယ်နော် နော်လို့ "

အသံကြားရာကိုကြည့်လိုက်တော့ တွေ့ပါပြီ ။ စာသင်ခုံအပျက်တစ်ခုပေါ်၌ ထိုင်နေသောသူ့အနား ကောင်မလေးတစ်ယောက်တွယ်ကပ်လျက် ။ ဒီတစ်ခါတော့ ပေါင်ကြားမှာမဟုတ်၍ ကြိတ်ပြီးကျေးဇူးတင်မိသည် ။

May လဲ ပွတ်သီးပွတ်သပ်မြင်ကွင်းကိုလစ်လျှူရှုကာ သူတို့နှစ်ယောက်‌အရှေ့သွားရပ်လိုက်သည် ။

" Killian King  ! "

နာမည်ကိုတစ်လုံးချင်းခေါ်လိုက်သည် ။ သူက May. ကိုအကဲစမ်းသလိုကြည့်ကာ ပြန်ထူးသည် ။

Killian : " ဘာလဲ ကြောင်သူခိုးမလေး ? "

ထိုနာမည်ပြောင်ဖြင့် May.ဒေါသတွေကို ပိုပြီးဆွလိုက်လေသလား ။ မော့ကြည့်နေသည့်မျက်နှာလှလှအား လွှဲရိုက်ပစ်ချင်စိတ်ကိုထိန်းရသည် ။ သူ့လိုလူမျိုးကို ဒေါသနဲ့တုန့်ပြန်လဲ ဘာမှမထူး။ သူ့ကို နားဝင်အောင်ပြောပြီး ကောလဟာလကို ငြင်းခိုင်းရမည် ။ စခဲ့တဲ့သူကရှင်းပေးတာက ဖြစ်သင့်တဲ့ကိစ္စပဲမဟုတ်လား ။

Killian : " ဟက် ! မင်း ဒီလောက်မြန်လိမ့်မယ်လို့မထင်ထားခဲ့ဘူး သတ္တိရှိသားပဲ ။ ဟေး , မင်းပြန်လို့ရပြီ "

ဒေါသတွေကိုမြိုချနေတဲ့‌ May.ကို
လှောင်ရယ်ကာ သူ့ဘေးနားကကောင်မလေးကိုမောင်းထုတ်လေသည် ။
ထိုကောင်မလေးသည် သူ့စကားကိုမလွန်ဆန်ရဲတာကြောင့် May.ကိုသာနဂါးမျက်စောင်းတွေဖြင့်ကြည့်သည် ။ထို့နောက် နေရာမှခြေအောင့်ကာ ထွက်သွားတော့သည် ။ Mayသည် မဆီမဆိုင်အမုန်းတွေကို လက်ခံလိုက်ရ၏ ။

Tasting RED : Eros (Completed)Onde histórias criam vida. Descubra agora