' Piece by piece '

14.9K 1K 35
                                    

#Zawgyi

Killian : " ဘယ်လိုထင်လဲ ?
ဒါ ကိုယ် ငယ်ငယ်တည်းက အကြိုက်ဆုံး
သီချင်းပဲ  ။ Owl City ရဲ့ Fireflies လေ "

သူ့ရဲ့ အသံဩရှရှလေးက သီချင်းသံလေးကြား လိုက်ဖက်စွာမြည်ဟည်းသည်။
သူ့ ပုခုံးတစ်ဖက်ပေါ်ခေါင်းလေးတင်ထားရင်း ပြုံးလိုက်သည် ။

" နင်နဲ့အရမ်းလိုက်တယ် "

သူက May. မျက်နှာလေးကိုထူးဆန်းသလိုကြည့်သည်။

Killian : " ကိုယ်နဲ့ ? ဘယ်နေရာလိုက်တာလဲ ? "

May. အဖြေကို သူစိတ်ဝင်တစားစောင့်စားနေတော့ ဖြေပေးရမှာပေါ့ ။

" နင့်အသံလေ . . .
ပိုးစုန်းကြူးတွေအများကြီးရှိနေတဲ့နေရာမှာ နင်က ငါနဲ့ အတူရှိနေသလိုပဲ အိပ်မက်ထဲမှာလိုပဲ သဘောကျတယ်
နင့်အသံနဲ့ ဒီသီချင်းသံပေါင်းသွားတာကို "

သီချင်းလေး၏ စိတ်ကူးယဉ်ဆန်မှုက သူ့အသံရှရှလေးနဲ့လိုက်ဖက်ကာနေသည် ။
May ကိုယ်တိုင်ကပါ Fireflies ဆိုသော သီချင်းလေးကို နှစ်သက်သွား၏။
ဒါမှမဟုတ် May နှစ်သက်တာက နူးညံ့ညှင်သာတဲ့ သူ့အသံကိုပဲလား မသိ။

May ထပ်မံပြုံးမိကာ မျက်လုံးတွေကို မှိတ်ထားလိုက်သည် ။

ဒီအခိုက်တန့်တွေက ဘယ်လောက်ဆိုရင် သက်တန်းကုန်မှာလဲ ဟင် ?

Killian : " ဘေ့ . . . ပျောက်သွားမယ်ဆိုရင်လေ သဲလွန်စတစ်ခုခုချန်ခဲ့နော်
ကိုယ်ရှာလို့တွေ့အောင် "

သူ့မှာကြားချက်က May. အား စမ်းသပ်သည့်သဘောများလား ။
ခဏက ပြောခဲ့မိသော May. ရဲ့ စကားတစ်ခွန်းက သူ့ကို ပူပန်စေသည်ထင်ပါသည် ။
May မျက်လုံးလေးဖွင့်ကာ သူ့ကို ကြည့်လိုက်သည်။

သူက ပြုံးကာ May. မျက်ဝန်းတွေကို စူးစိုက်ကြည့်သည်။
ခဏက စကားက ဘာမှမဟုတ်ပါဘူးလို့ ငြင်းပါလို့ ဆိုနေသယောင် ။
May သူ့ ပါးပြင်ထပ် လက်မ‌လေးဖြင့်ပွတ်သပ်ကာ ဖြေကြားလိုက်သည် ။

" ပိုးစုန်းကြူးလေးတွေလိုလား Killian ? "

သူ့သွေးနီရောင် နှုတ်ခမ်းတွေ တုန်ယင်သွားသည် ။
ဒါပေမယ့် သူ ခေါင်းညိတ်ပြသည် ။
သူ May. စကားကို ကောင်းစွာနားလည်သည် ။

Tasting RED : Eros (Completed)Where stories live. Discover now