Bad & Cute

14.9K 1K 45
                                    

#Zawgyi

ချစ်ခြင်းဟာ ဓားတစ်လက်လိုပါပဲ ။

သင်ဟာ အဲ့ဒီဓားနဲ့ လူတစ်ယောက်ကိုကာကွယ်နိုင်မယ် ။
လူတစ်ယောက်ကိုလဲ သတ်နိုင်မယ် ။
ဒါ့အပြင် ကိုယ့်ကိုယ်ကိုလဲ ထိုးနိုင်တယ် ။
အရေးအကြီးဆုံးက သင်ဘယ်လမ်းကိုရွေးချယ်မလဲဆိုတဲ့ အချက်ပင် ။

ဒါကြောင့် အချစ်ဆိုတဲ့ဓားကို လက်ထဲဆုပ်ကိုင်ရင်း May တွေဝေနေမိခြင်းဖြစ်မည်။ 
ဘယ်ဖက်ကိုပဲ လွှဲလွှဲ တစ်စုံတစ်ယောက်ထိခိုက်သွားမှာမို့
အန္တာရာယ်သိပ်များသည် ။

Killian : " ဘေဘီ . . ညက ကိုယ်လုပ်တာမှန်ရဲ့လား ?
တကယ်ပဲ မင်းလိုလားတာက 
ကိုယ်နဲ့တူတူ‌ရှိနေဖို့လား ?
ဒါမှမဟုတ် အခြားတစ်ခုလား ? "

သူ့အသံတွေက ဘာအရိပ်အမွက်မှမပါ။
သူဘာတွေတွေးနေလဲ May ခန့်မှန်းလို့မရအောင် တမင်ဖုံးကွယ်ထားသည် ။
May. ကိုကျောခိုင်းထိုင်နေသော သူ့နောက်‌ကျောပြင်ကျယ်ကို အိပ်ယာထပ်၌ လှဲလှောင်းရင်း May နှုတ်ဆိတ်ကာငေးနေမိသည်။ 
စိတ်ထင်လို့ပဲလားမသိ ။
သူ့ရဲ့နောက်ကျောက အထီးကျန်ဆန်မှုကိုဆောင်သည် ။
ထိုပုံရိပ်လေးက May. ကို ဝမ်းနည်းလာစေသည်။ 

May သည် သူနဲ့ပတ်သက်လျှင် သိပ်ကိုလောဘကြီးသည် ။
သူနဲ့ သူ့ရဲ့အတိတ်က မိန်းကလေးအားလုံးအပေါ် မနာလိုဖြစ်သည်။ 
သူ့ရဲ့ အတိတ်တွေအားလုံးတွင် ပါဝင်ချင်သည် ။
သူဖြတ်ကျော်ခဲ့ဖူးသော အချိန်ကာလတွေနှင့် သက်ဆိုင်ချင်သည်။ 

May. က ကလေးဆန်နေသလား ?
ပထမဆုံး အရူးအမူးအချစ်မို့ပဲနေမည်။ 

Killian: " ကိုယ်တို့ ဘာဆက်ဖြစ်မှာလဲ ?"

လေးပင်သော သူ့အသံတွေက တစ်ခွန်းချင်း ပြတ်သားစွာ ။
သူဘာကြောင့် ဒီလိုမေးတာလဲ ?

May. ရင်တွေနင့်ခနဲ ။

ကမ္ဘာကြီးတစ်ခုလုံးတသိမ့်သိမ့်တုန်ခါသွားသလို ။
May. ရဲ့ ဖြစ်တည်မှုတစ်ခုလုံးခြိမ်းခြောက်ခံလိုက်ရသည့်ပမာ ကြောက်လန့်စွာ သူ့ကိုအမြန်ဖက်ထားလိုက်သည် ။
သို့သော် သူကတော့ မလှုပ်မယှက်
ငြိမ်သက်စွာထိုင်နေခဲ့သည် ။
သူ့ရဲ့နောက်ကျောကိုမှီတွယ်ကာ သူ့ခါးကိုတင်းကျပ်စွာ ဖက်ထားရင်း အသံတိတ်တောင်းဆိုနေမိသည် ။ 

Tasting RED : Eros (Completed)Where stories live. Discover now