Please Don't break my heart 💓

25.2K 1.1K 55
                                    

#Zawgyi

သူ့ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးမို့ မဝေးကြတော့ဘူးလို့ ထင်မိခဲ့သည်။  အမှန်တရားမှာ သူ့အသံတွေကို သူမ မကြားရတော့မှ သဘောပေါက်နားလည်ခဲ့ရ၏။  ခန္ဓာကိုယ်ချင်းနီးစပ်ခဲ့ သော်လည်း နှလုံးသားကို ငြင်းပယ်ခံရခိုက် . . .

ပွေ့ဖက်မှုတွေကြားထဲက လူတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့ပေမယ့် ဆွဲမြဲကျန်နေတဲ့ ဟာကွက်ကြီးကိုသူထပ်ပြီး မသိမ်းထားချင်တော့ပါ။အဲဒါကြောင့် လက်လေးတစ်စုံကို
ယူပြီး သူ့ ရင်ခွင်ထဲထည့်ထားမိတယ်။ 

မဟုတ်ဘူး . . . သူ့အချစ်က အတ္တမဆန်ပါဘူး ။ သူမ‌ကို သူ့ဆီကထွက်မပြေးစေချင်ရုံလေးပါပဲ။  အဲဒီအကြောင်းအရင်းလေး တစ်ခုပါပဲ ။

သူမရဲ့ လက်နှစ်ဖက်ကို သူ့ရဲ့လက်တစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ရင်ပဲ နစ်မြုပ်ပျောက်ကွယ်သွားနိုင်သည် ။ သူမဟာ ဤမျှသေးငယ်ပါလျက် ၊ ထိုလက်လေးတွေကပေးတဲ့ ဝေဒနာတွေကျတော့ သူ့နှလုံးသားနဲ့ မဆန့် ။ မချိမဆန့်ခံစားရတာတွေကို ရပ်တန့်‌စေဖို့ သူ့မခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်မိတာပါ။

အခုတော့ သူမမှာ ဒဏ်ရာတွေနဲ့ . . .

ဆံပင်၌ ရေတွေစက်လက်မို့ ပါးနီလေးတွေကို ငုံ့နမ်းဖို့အတွေးကို သူစွန့်လွှတ်လိုက်သည် ။ အိပ်ယာဖြူဘေး ငြိမ်သက်စွာ ထိုင်ရင်း မျက်နှာလေးတစ်ခုကို ငေးမောနေလိုက်သည် ။

နိုးထလာပြီး သူ့အပေါ်ကို ချမှတ်မည့် အပြစ်ဒဏ်ကို စောင့်ဆိုင်းနေရတာက ခံတွင်းထဲက ‌အမေရိကာနိုလိုပဲ ခါးသက်၏ ။ ဒါပေမယ့် သူနဲ့ ထိုက်တန်၏ ။ သူနေ့တိုင်း ခံယူနိုင်မယ့် အရသာတစ်မျိုးပေါ့။  တိတ်ဆိတ်မှု‌တွေနှင့်စာရင် ဆူပူသံပွစိပွစိလေးကို သူကပိုမြတ်နိုးသည်မို့ ။

ထိုစဉ် အိပ်‌ပျော်နေသော နတ်သမီးလေးကို နှိုးထစေလိုသော ဖုန်းသံတစ်ခုထွက်ပေါ်လာ၏ ။ အသံကိုရှာပြီး မီးအိမ်ဘေးက သူမရဲ့ ဖုန်းအနီကို သူအမြန်ကောက်ကိုင်ကာ အခန်းထဲမှ ထွက်သွားလိုက်၏ ။

Killian : " Hello "

နားမှာကပ်ပြီး သူကဖြေကြားလိုက်သော်လည်း တစ်ဖက်မှ ဘာသံမှပြန်မလာ၍ ခေါ်သူအမည်ကို ကြည့်မိသည် ။

Tasting RED : Eros (Completed)حيث تعيش القصص. اكتشف الآن