Happy Children's Day

13.8K 1K 66
                                    

ဒီအပိုင်းပဲဖတ်ပြီး အရှေ့ကအပိုင်းကိုကျော်ခဲ့ရင် စိတ်ဆိုးမှာနော် ။
နောက်တစ်ခါ နှစ်ပိုင်းဆက်တိုက်မတင်ပဲနေလိုက်မှာ ။
ဆက်တိုက်မတင်တာက ကျော်ဖတ်ကြလို့ သိလား သိလား (。ŏ﹏ŏ)

********************************

#Zawgyi

ကြယ်အစုအဝေးတွေအများကြီးထဲကမှ ဒီစကြဝဠာက ဂြိုလ်လေးတစ်လုံးမှာ ။
နိုင်ငံတွေအများကြီးထဲကမှ ဒီနိုင်ငံမှာ ။
နေရာတွေအများကြီးထဲကမှ စာကြည့်တိုက်လေးတစ်ခုတည်းမှာ ။
အမှတ်တမဲ့ မဟုတ်ပါဘူး ။
သူနဲ့ တူတဲ့ ဘာသာစကားကိုပြောတယ် ။
သူနဲ့ တူတဲ့ ကျောင်းမှာပညာသင်တယ် ။
အခြားသူတွေမရှိတော့လို့ အကြင်နာတွေအားလုံးကို မျက်လုံးနက်ပြာလေးနဲ့ အဲဒီကောင်လေးရသွားတယ် မဟုတ် ။
တလောကလုံးက လူတွေကိုမမြင်တော့ပဲ သူ့တစ်‌ယောက်တည်းကို ချစ်မိသွားတာပါ ။
အဲဒီအချိန်မှာမို့လို့ မဟုတ်ပဲ လမ်းဖြတ်ကူးနေရင်း လူကူးမျဉ်းကြားတစ်ခုအလယ်မှာ မျက်လုံးချင်းစုံမိရင်တောင် အမှတ်တမဲ့ ချစ်မိချင်ချစ်မိမှာပဲ ။
အဓိကက သူဖြစ်နေတာ ။
ဒါကြောင့်လဲ ဘာပြစ်ချက်တွေပဲဖြစ်ဖြစ် သူဖြစ်နေတာနဲ့ တရားသေအပြစ်ကင်းလွတ်နေတာ ။

မျက်စိရှေ့က ဓာတ်ပုံတွေ ၊ ဆေးစစ်ချက်စာရွက်စာတမ်းတွေကို မှိုင်တွေကာငေးကြည့်နေမိသည်။ 
သေဆုံးသူ တီချယ်လင်းသည် May နဲ့ များစွာဆင်တူနေသည် ။
ထို့အပြင် အကြင်သူကိုယ်တိုင်ရေးဆွဲထားပါသည် ဆိုသော စိတ္တဇပန်းချီကား ။

ဘာတွေလဲ ?

Dawn : " May ဒါ ညီမဟုတ်ဘူးဆိုတာသိတယ်မလား ?
ကိုယ်တို့ ယူဆချက်တွေအရ တရားခံက May ကောင်းကောင်းရင်းနှီးနေတဲ့ သူတစ်ယောက်ပဲ "

သွေးပျက်ဖွယ်ပန်းချီကားကိုသာ ကြောင်ငေးနေသော May. ကို Dawn က ရှင်းပြသည် ။

" ဘာ . . ဘာကို ဆိုလိုတာလဲ ? "

အခင်းဖြစ်ပြီး ရိုက်ယူလာသော ဓာတ်ပုံများအား ကြည့်ရင်း တစ်စုံတစ်ခုခံစားမိတာ‌အမှန် ။
ဒါပေမယ့် ထိုတစ်စုံတစ်ခုကို May လက်ခံဖို့ကြောက်ရွံ့နေ၏ ။
Dawn က May. မျက်ဝန်းတွေထဲ စူးစိုက်ကြည့်ကာ ပင့်သက်ရှိုက်သည် ။
ပြီးနောက် ဆေးစစ်ချက် စာရွက်ထဲမှ စာကြောင်းတစ်ကြောင်းကို လက်ညိုးထိုးပြသည်။
May လဲ ထိုစာကြောင်းကို အသံထွက်ကာဖတ်လိုက်မိသည် ။

Tasting RED : Eros (Completed)Where stories live. Discover now