Not a cat but a tigeress

29.4K 2.1K 21
                                    

Check Unicode Version below ⬇️

#Zawgyi

ကျောင်းဆင်းသည်နှင့် May မှာအချိန်ပိုင်းအလုပ်ရှိသောကြောင့် ပြေးရတော့သည် ။ သည်လိုဆိုတော့လဲ May. ဘဝကခေါင်းစဉ်မဲ့ခံစားချက်တွေကိုအဖြေထုတ်ဖို့ အချိန်မရှိခဲ့တာပါ ။ May သည် လွယ်အိတ်ဖြူလေးကို ရင်ခွင်ထဲပိုက်ရင်း လှေကားထစ်တွေကို နှစ်ဆင့်၊ သုံးဆင့်ကျော်ဆင်းသည် ။ ဘက်စ်ကားမှီအောင်ကျောင်းဂိတ်ဝဆီ အလောတကြီးသုတ်ခြေတင်၏ ။

Lan : " ဟေး ဒီနေ့ည ' Blue Lagoon' မှာတွေ့မှာပေါ့နော် "

ထိုစဉ် Lan ရဲ့အော်ပြောသံကြောင့် May. ခြေလှမ်းတွေ ကျောင်းဂိတ်ဝမှာ ရပ်တန့်သွားတော့သည် ။

May. လိုပညာသင်ဆုနဲ့ လာတတ်သည့် စံပြကျောင်းသားတစ်ယောက်သည် အချိန်ပိုင်းလုပ်ခွင့်မရှိပေ ။ ဒါ့အပြင်အလုပ်ကလဲ Bar မှာဖြစ်တဲ့အပြင် ယခုမျက်နှာကလဲ May အစစ်အမှန်မဟုတ် ။ ကျောင်းကသာ ထိုအဖြစ်မှန်ကိုသိရှိသွားခဲ့လျှင် ကျောင်းထုတ်ခံရတာနဲ့တင်ပြီးမှာမဟုတ် ။

တပါးသူ၏လက်ထဲ မိမိအားနည်းချက်ကို
ထည့်ထားရသည့်ခံစားချက်သည် ချောက်ကမ်းပါးပေါ်မှာ မျက်လုံးကို အဝတ်စည်းပြီး လမ်းလျောက်နေရသလိုပင် ။ ရှေ့ကိုဘာမှမမြင်ရ၊ တပါးသူကိုမျက်လုံးမှိတ်ယုံထားရသည် ။

Lan ကကျောင်းရှေ့တွင် ရပ်ထား‌သောအမိုးပွင့်ကားအဝါကိုမှီရင်း May.ကိုလက်ပိုက်ပြီးကြည့်နေလေသည် ။ သူမရဲ့စကားက May.ရဲ့ဘဝကို ဖျက်စီးပစ်လိုက်နိုင်ကြောင်း သူမနားမလည်ပုံပင် ။ သူမမျက်လုံးထဲမှာ  ကလေးကလား မနာလိုမှုများသာရှိ၏ ။

May လဲ အံကိုကြိတ်ပြီး သူမဆီလျောက်သွားလိုက်ကာ မျက်နှာချင်းဆိုင်လိုက်သည် ။ May သည် အားနည်းတဲ့ကြောင်ပေါက်လေးမဟုတ် ၊မိမိကိုရန်မူလာလျှင်တော့ ပြန်ကိုက်တတ်သည် ။ 

" Lan , တို့ ပြောပြမယ် ... တို့က တို့ကိုယ်တို့ ချောက်ကမ်းပါးမှာလမ်းလျောက်နေတယ်ဆိုတာသိတယ် ။  ဒါပေမယ့်လေ တို့ပြုတ်ကျရင် မင်းကိုပါခေါ်သွားမှာ "

Tasting RED : Eros (Completed)Where stories live. Discover now