' He doesn't understand my Love '

21.7K 1.4K 19
                                    

Unicode Below ⬇️

#Zawgyi

အဖြူရောင်တံခါးကို ညှင်သာစွာဖွင့်ပြီး သီးသန့်လူနာခန်းသို့ May ခြေဖွနင်းကာဝင်ခဲ့သည် ။ အနောက်မှ Dawn ကလိုက်ဝင်လာပြီး ပြောလေ၏ ။

Dawn : " မနိုးဘူး ၊ သက်တောင့်သက်သာနေလို့ရတယ် ။ အနာသက်သာအောင်ဆေးထိုးပေးထားပေမယ့် အိပ်နေတာထက် သတိမေ့မျောသလိုဖြစ်နေတာ "

May လဲ ထိုအခါမှ အောင့်ထားတဲ့အသက်ကို အဝရှူလိုက်၏ ။ ထို့နောက် အဖြူ ရောင်အခန်းကြီး၏အလယ်ရှိ ခုတင်ဖြူ ပေါ်မှအမျိုးသမီးအား ကြည့်လိုက်သည်။

လူနာရင်ဖက်ထိ စောင်အပြာနုတစ်ထပ်ခြုံထားပေးတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးသည် အိပ်ယာဖြူကြီးထဲ တိမ်မြုပ်ပျောက်ကွယ်နေသယောင် ။သူမ၏မျက်နှာဖြူဖြူဖျော့ဖျော့နှင့် ချောင်ကျနေသည့်ပါးရိုးများ‌ကြောင့် လူတစ်ယောက်အား ရောဂါ၏တိုက်စားသွားပုံကို ထင်ဟပ်နေစေသည် ။ အသက်ရှူအထောက်အကူပြု အောက်စီဂျင်ပိုက်တပ်ထားသဖြင့် ဖြေးညှင်းစွာအသက်ရှူလိုက်တိုင်း အငွေ့ရိုက်သွားနေသည် ။ မေ့မျောနေသော်လည်း ကြီးမားသောဝေဒနာများအား ခံစားနေရသလို သူမရဲ့မျက်နှာမှာ အေးချမ်းမှုဟူ၍မရှိ ။

ဒါပေမယ့် Laura ဆိုသော အမျိုးသမီးသည် ကျန်းမာခဲ့စဉ်က ဘယ်လောက်
တောင်ချောလှခဲ့မည်ဖြစ်ကြောင်း ခန့်မှန်းနိုင်ပါသည် ။ ချွန်ကော့နေသော နှာတံက ထိတ်မှာလုံးနေကာ မျက်တောင်တွေကဟာ Killian.လိုပဲ ထူကာကော့နေ၏ ။ ပိန်ကျနေသော်လည်း လှပတဲ့မျက်နှာအချိုးအစားမှာလဲ ထင်းလွန်းသည် ။ အမှတ်တမဲ့ကြည့်လျင် တစ်ယောက်သောသူနဲ့မတူပေမယ့် စေ့စေ့ကြည့်လျင် သားအမိဆိုတာငြင်းလို့မရ ။

Dawn ပြောတယ် ... Laura့မျက်လုံးတွေက အညိုတွေတဲ့ ။ May နဲ့သိပ်တူတယ်ဆိုတဲ့မျက်ဝန်းတွေ ... ထိုမျက်ဝန်းတွေကို May မြင်ဖူးချင်သည် ။ သိပ်ချစ်ရသောကောင်လေးရဲ့ မိခင်မို့လားမပြောတတ် May သည် ဆန်းပြားသောရင်းနှီးမှုတို့ဖြင့် ညှင်သာစွာခြေလှမ်းရင်း ကုတင်ဖြူ ၏အနားသို တိုးကပ်သွားလိုက်သည် ။

" ဘယ်သူလဲ ? အော် ...သခင်လေး Kuu " 

ကုတင်နားကပ်လာသည့် May့ကို သူနာပြာဟုထင်ရသူ အမျိုးသမီးတစ်ဦးကတားရန် ကြိုးစားပြီးမှ အနောက်က Dawn ကိုလဲမြင်ရော ခေါင်းပြန်ငုံ့သွားသည် ။ Dawn က ထိုသူနာပြုအား ထွက်သွားပေးရန်အရိပ်အမွက်ပြကာ May. အတွက် ခုံဆွဲပေး၏ ။

Tasting RED : Eros (Completed)Where stories live. Discover now