Beautiful Liar

20.6K 1.4K 55
                                    

Unicode is below ⬇️

#Zawgyi

မှာထားသော ရေခဲမုန့်နဲ့ အအေးတွေ အသီးသီးရောက်လာပြီဖြစ်၍ စကားလက်ဆုံပြောကြကာ စားကြသောက်ကြနှင့် သူရှိနေသည်ကိုတောင်
သတိမရကြတော့ . . . ။ သူကလဲ ငြိမ်ချက်သားကောင်းနေကာ စကားတစ်လုံးမှမဟတော့ ။

သို့သော် နက်ပြာရောင် မျက်ဝန်းတွေသည် မျက်နှာလေးတစ်ခုဆီမှ ထပ်ကျပ်မခွာ ။

ချိုမွှေးသော ဗန်နီလာအရသာတွေသည် May.ရဲ့အာရုံကို မဖမ်းစားနိုင် ။ May့ကို မသိမသာရော သိသိသာသာပါကြည့်နေသော သူ့ကြောင့် ... ။

သူ့မျက်ဝန်းတွေသည် ရေခဲမုန့်ဇွန်းသွားရာ May.နှုတ်ခမ်းတွေပေါ် ခေါက်တုန့်ခေါက်ပြန် ရစ်ဝဲလျက် ။ ပူလောင်လာသော နှုတ်ခမ်းဖြားတွေသည် ရေခဲမုန့်မှ အအေးဓာတ်တွေနဲ့တောင် မငြိမ်းသက်နိုင်တော့ ။ မျက်လုံးချင်းမဆုံမိအောင် ခေါင်းငိုက်စိုက်ချထားသည့်ကြားကပင် အကြည့်စူးစူးတွေကို ခံစားမိနေ၏ ။

မွန်းကျပ်သည် ။ အသက်ရှူ မဝတော့ .. . ရင်ခုန်တွေခုန်နေသည် ။

သူ့ရဲ့အကြံအစည်ကို May သေချာစွာ
နားလည်သွားပါပြီ ။ သူသည် May. ကို လွှတ်ပေးဖို့စိတ်ကူးလုံးဝမရှိ ။ May သူ့ဆီက လူကြီးလူကောင်းဆန်မှုကို မျော်လင့်ခဲ့မိတာကို နောင်တရမိသည်။

သူဟာ ဘယ်သူလဲ ?
တစ်ကိုယ်ကောင်းဆန်သော ၊ နှိပ်စက်သော Killian King ပင် ။ သူသည် ဘာစည်းတွေကိုပဲ ချိုးဖောက်ရ ဖောက်ရ May.ကိုထပ်မံ ချူပ်နှောင်တော့မည်။

Killian : " ဟူး . . . "

May.ကို ငေးနေရင်းမှပင် သူပင့်သက်တိုးတိုးလေးချသည် ။ ထို့နောက် ဆံနက်တွေကို စိတ်ရှုပ်နေတဲ့ပမာဖွနေ၏ ။

သူအခက်တွေ့နေတာ မြင်တော့ May မသိလိုက်ပဲ မဲ့ပြုံးလေးပြုံးလိုက်မိ၏ ။

သူဘာတွေမျော်လင့်နေတာလဲ ? May နဲ့သူ့ကြားထဲက တံတိုင်းသည် လွန်စွာမြင့်မားသည် ။ ထိုတံတိုင်းကြီးသည် သူကိုယ်တိုင် ဆောက်ထားခဲ့သည်ဖြစ်ရာ ယခုသူကိုယ်တိုင် ကျော်လွှားတာတောင်မှ မစွမ်းသာတော့ . . . ။

Tasting RED : Eros (Completed)Where stories live. Discover now