' The Rainy Night '

21.1K 1.5K 33
                                    

Unicode Below ⬇️

#Zawgyi

May အိမ်ခန်းထဲ မီးမဖွင့်တော့ပဲ အိပ်ယာထဲသာ တန်းလှဲလိုက်တော့သည် ။ Dawn ပြောသလို ဘာမှမတွေးပဲ အိပ်ရန်သာ ကြိုးစားလိုက်သည် ။

ထိုအချိန်မှ ဖုန်းသံကြီးက ကျယ်လောင်စွာ
အိမ်ခန်းထဲထွက်ပေါ်လာတော့သည် ။ May လဲ စိတ်ရှုပ်စွာ ဖုန်းကိုပိုက်ဆံအိတ်ထဲမှထုတ်ပြီး ကိုင်လိုက်သည် ။

" Hello "

" . . . . . . . "

တစ်ဖက်မှ လေသံတွေသာကြားရသည် ။

" Hello ? ဘယ်သူလဲ မသိ ? "

" . . . . . . . "

ဘာမှပြန်မလာ ... အသက်ရှူသံတစ်ခုသာ ကြားနေရ၏ ။ May သည် ဖုန်းကိုကိုင်ထားလျက် ရင်ထဲဆောင့်တက်သွားတော့သည် ။

' သူ ' လား ?
' သူ ' May.ကို ရှာတွေ့သွားပြီလား ?

တစ်ကိုယ်လုံးပူထူသွားကာ ဖုန်းကို ကြောက်အားလန့်အား ပစ်ထုတ်လိုက်တော့သည် ။ ခေါင်းထဲအမှောင်ထုများ ကြီးစိုးလာကာ အသက်ပင်မရှူသွင်းနိုင်တော့ ... ။

အသံထွက်သွားလျှင် ' သူ ' ကြားသွား‌တော့မလား စိုးတာကြောင့် နားနှစ်ဖက်ကိုပိတ်ထားရင်း အိပ်ယာထောင့်လေး၌ အသံတိတ်ငိုကြွေးနေမိတော့သည် ။

* * * * * *

" လာပါ လာပါ ယုန်ကလေးရယ် "

သည်းထန်သော မိုးသံများကြား မိုးခြိမ်းသံတို့ထပ်ကြောက်မက်ဖွယ် အသံတစ်ခုထွက်ပေါ်လာခဲ့သည် ။ အသံသည် ရယ်သံသဲ့သဲ့ရောယှက်ကာ တစ်ဖက်လူအား ကျီစယ်နေသယောင် ။

မီးဖိုခန်းရှိ ဗီဒိုအကန့်တစ်ခုထဲ ကိုယ်လေးကျုံ့လျက် ပုန်းလျှိုးနေသော ကလေးငယ်မှာမူ မျက်ရည်များစီးကျလျက် ။အသက်ရှူလျင်ပင် အသံထွက်မည်စိုး၍
ပါးစပ်ကိုလက်နဲ့ ဖိပိတ်ထားကာ အသက်အောင့်ရင်း မိုးသည်းညမိုက်ကို ကျော်ဖြတ်ရန် ကြိုးစားနေသည် ။

" ယုန်ဖြူလေးက အပုန်းတော်ပါတယ် . . . ဒါပေမယ့် အမြှီးလေးက ထွက်နေတယ်ကွယ် ဟင်းဟင်း "

Tasting RED : Eros (Completed)Where stories live. Discover now