She said " The Snowdrops knows "

22.7K 1K 35
                                    

#Zawgyi

" ဘာ ? King နဲ့ အိပ်ဖူးတာ သူလား ? "

ထိုအသံနောက် May. ရင်ထဲ ဒုတ်ခနဲ . . . လက်ထဲမှာ ကိုင်ထားသော ခဲတံလေးပင် ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားတော့သည် ။ ခေါင်းတစ်ခုလုံးပူထူကာ အသံလာရာဖက်သို့ လှည့်ကြည့်လိုက်မိသည် ။ အတန်းထဲမှ မချောလေးတစ်အုပ် ဖုန်းတစ်လုံးကို ဝိုင်းအုံကြည့်နေကြရင်း ပွက်လောရိုက်နေခြင်းပင် ။

Lan : " May , ဘာဖြစ်တာလဲ ? "

စကားပြောနေရင်းမှ မျက်နှာတစ်ခုလုံး ဖြူယော်သွားသော May. ကို သူငယ်ချင်းသုံးယောက်စလုံး အကဲခတ်နေကြသည် ။ သူတို့ မကြားလိုက်တဲ့ပုံပဲ . . . ။

' King ' ဆိုတဲ့ နာမည်လေးတစ်ခွန်းနဲ့ May ရဲ့ အသိစိတ်ဟာ ကျန်‌သောအရာတွေကို ပိတ်ကာပြီးသားဖြစ်သွားပြီ ။ ဘာမှ သေချာမကြားတော့ . . . ။ သူ့အကြောင်း စကားဝိုင်းရှိရာသို့ May မှာ နားစွင့်ကာ ငေးကြည့်နေမိစဲ . . . ။

" ဘယ်သူက ဒါတွေကိုရေးတာလဲ အဓိပ္ပါယ်မရှိတာ "

ထိုအုပ်စုထဲမှ အရပ်ခပ်ရှည်ရှည် ကောင်မလေးက ခုံကိုပုတ်ကာ ဆတ်ခနဲ ထရပ်သည် ။ သူမအား ကျန်သောကောင်မလေးများက မသင်ကာစွာ ကြည့်နေကြလျက် . . . ။

" နင် over-react မလုပ်နေနဲ့ . . .  WCX ဆိုတာ တို့အတန်းထဲ နင်ပဲရှိတာ ၊ Wei Cheng Xiao နင့်နာမည် အတိုကောက်ပဲ "

" ပြောလိုက်တော့ King ကို အားလုံးပိုင်တယ်လေး ဘာလေးနဲ့ "

သူမတို့၏ တစ်ယောက်တစ်ပေါက်စကားလုံးတွေကို May ပြတ်သားစွာ ကြားရပါသည် ။ ရင်ထဲမှာ စို့ခနဲ ။ သူဟာ သိပ်ပွေတဲ့သူဆိုတာ သိပေမယ့် ခံပြင်းတုန်းပင် ။

May. ရဲ့ မျက်လုံးဆုံချက်တွေကို သတိထားမိတဲ့ Shen Shen က ရှင်းလင်းလေ၏ ။

Shen : " အာ . . . King အကြောင်းမဟုတ်လား ? ဒီနေ့မနက် Royal High ရဲ့ အတင်းပြောနေကြ ပေ့ခ်ျက တင်ထားတာလေ ။ ' Maybe your girls have already been tainted by Drak Blues ' တဲ့ ။ ' မင်းတို့ရဲ့ ကောင်မလေးတွေ နက်ပြာရောင်ဆေးဆိုးတာ ခံရပြီးလောက်ပြီ ' တဲ့ သတင်းခေါင်းစဉ်က . . . ရယ်ရချက် ! "

ထိုစကားက May. အသားကို တဆတ်ဆတ်တုန်သွားစေသည် ။

Shen : " King နဲ့ အိပ်ဖူးတဲ့ ကောင်မလေးတွေအကြောင်း ဖော်တာကွာ ပြောရရင်တော့ ။ အဲ့လို information တွေကို သူတို့ ဘယ်လိုသိလဲကတော့ ဘယ်သူမှမခန့်မှန်းနိုင်ဘူး "

Tasting RED : Eros (Completed)Where stories live. Discover now