He who hides

19.9K 1.5K 34
                                    

Unicode is below ⬇️

#Zawgyi

May ရဲ့ အပန်းဖြေခရီးကို
နှောင့်ယှက်ရန် တိုင်းခန်းလှည့်လည်
လာသော ရှင်ဘုရင်လေးကြောင့်
May သည် ရာဇဝတ်သားဘဝရောက်ရ၏ ။

မနက်ခင်းတည်းက အသိမပေးပါပဲ ရောက်ချလာပြီး တစ်နေ့လုံး ဒုက္ခပေးသည် ။ May. ကို ကမ်းခြေတစ်လျောက်လုံး လိုက်ရှာနေပုံရသော သူ့ရှေ့မှောက် မရောက်ရအောင် ရှောင်ပြေးရသည် ။

သူဘာတွေကြံစည်နေပြန်ပြီလဲ ?

Dawn : " May , ဘာလို့ဒီချောင်ထဲ လာကပ်နေတာလဲ ? ရေမကူးတတ်လဲ ရေစပ်မှာကစားလေ May ရဲ့ ? "

စိမ်းပြာရောင် ကျောက်ဆောင်တွေကြား
ထိုင်နေသော May.နား Dawn ရောက်လာသည် ။ May.ကိုဖမ်းဖို့ သူ့ညီရောက်နေသည်ကို သိပုံမရ ။ May ကလဲပြောဖို့စိတ်ကူးမရှိ ။ သိသွားရင် အဲဒီစေတန်ကို ဤကိုစိတ်ကောင်းလေးက သူ့အပန်းဖြေအိမ်ထဲ ဖိတ်နေဦးမည် ။

လိမ်ထားတာ အပြစ်ရှိပေမယ့် Killian့နဲ့ May ဝေးဝေးနေရမယ်လေ ။

" ဘာမှမဖြစ်ဘူး Dawn ။ May မကစားချင်သေးလို့ပါ "

May က ဟန်ဆောင်ပန်ဆောင်ပြောတော့
Dawn က နားလည်ဟန် ခပ်ပြုံးပြုံးလေး
ခေါင်းညိတ်သည် ။

Dawn : " ပျော်ပျော်နေပါ ကောင်မလေးရယ်  "

နူးညံ့နွေးထွေးသော အသံရှင်သည်
May.ကို စေတနာတွေဖြင့် ပြောကြားလေသည် ။ ဒါပေမယ့် May.ကို ကြည့်မနေခဲ့ပါ ။ ရေပြင်ပြာကြီးထဲ တိုးလျှိုးပျောက်ကွယ်လုနေမင်းနီကိုသာ ငေးနေခဲ့၏ ။

" ဟုတ်  "

May လဲ ခေါင်းညိတ်အဖြေပေးရင်း နေမင်းကြီးကိုငေးနေသော ကောင်လေးကို
ငေးကြည့်မိသည် ။

Dawn ၏ မျက်ဝန်းညိုတွေသည် ဆွေးသဲ့သဲ့အရောင်ဆန်နေခဲ့၏ ။ ဘာအကြောင်းတွေကြောင့်လဲ May မသိနိုင်ခဲ့ပါ ။ ဖြစ်နိုင်တာကတော့ ထိုပဟေဋ္ဌိဘူးလေးကိုဖောက်ဖို့ May့နှလုံးသားက
မအားနေခဲ့လို့ပဲဖြစ်မည် ။

Tasting RED : Eros (Completed)Where stories live. Discover now