' Innocent Bar Girl '

42.5K 2.3K 16
                                    

Check Unicode Version below ⬇️

#Zawgyi

ဝါကျင့်ကျင့်မီးရောင်တို့ဖြင့် အေးအေးချမ်းချမ်းပတ်ဝန်းကျင်လေးက စိတ်ပြေလက်ပျောက်ပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းများနှင့်
သောက်စားရန်ပဲဖြစ်ဖြစ် သင့်လျော်သည် ။ လူငယ်မဆန်၊ ရှေးလဲမကျသည့်အပြင်အဆင်ကြောင့် ‘ Blue Lagoon ‘ဆိုသည့် Barလေးက အတော်အသင့်နာမည်ရှိသည်ဟုဆိုနိုင်သည် ။

နေ့ခင်းဖက် တွင်ရိုးရိုးစားသောက်ဆိုင်ပဲဖြစ်ကာ ညခါမှ Bar သို့ပြောင်းဖွင့်ခြင်းဖြစ်သည် ။

ထိုနေရာတွင် ညနေအချိန်ပိုင်းလုပ်သည့်  May အဖို့ကတော့ ညဖက် Bar တွင်လဲ ရံဖန်ရံခါကူပေးလေ့ရှိသည် ။ အပျော်သီးသန့်နေရာလေး မို့အပျက်တွေမရှိ ။ ထို့ကြောင့်လဲ‌ May. အတွက်အဆင်ပြေသည် ။

ဆိုင်ပိုင်ရှင်ကိုယ်တိုင်ကလဲ May. ကိုချစ်ခင်ရင်းနှီး၍ ဒီထပ်ကောင်းတဲ့အလုပ်ရှာမတွေ့နိုင်တော့ ။ ဒါ့အပြင် အဖျော်အစပ်နည်းတွေကိုလဲ Master ကသင်ပေးသည် ။

“ Summer ,အနောက်လာဦး “

Bar ကောင်တာမှာထိုင်‌နေသည့် May.ကို သူဌေးက လက်ယပ်ခေါ်၏ ။ သူဌေးရဲ့မျက်နှာက မ‌ကောင်းတာကြောင့် May လဲစိတ်ထဲထင့်သွားကာ ပြာသလဲလဲလိုက်သွားလိုက်သည် ။

ဆိုင်အနောက်ဖက် ဝန်ထမ်းသီးသန့်ခန်းထဲရောက်တော့ May.ကို သူဌေးကအားနာသလိုကြည့်ကာ မေးလာသည် ။

“ Summer , မင်းညဆိုင်းကို ၁၂ နာရီအထိဆင်းပေးလို့ အဆင်ပြေလား ? “

May လဲ တစ်ချက်တွေသွား၏ ။

“ ဆိုင်မှာ ဆင်းခိုင်းဖို့မဟုတ်ဘူး။ ပါတီတစ်ခုက အဖျော် Master လှမ်းမှာလာလို့ပါ “

‘ Blue Lagoon ‘ က ဒါကြောင့်လဲ
နာမည်ရှိတာဖြစ်သည် ။ ဆိုင်မှသီးသန့်အဖျော် Masterတွေ တောင်းဆိုခွင့်ရှိသည် ။

သို့သော် အဖျော်ဆရာပေါက်စလေး, May ကိုသွားခိုင်းတာကတော့ သဘာဝမကျပေ ။

“ Boss, May ကအခုမှ သင်ခါစပညာမစုံသေးပါဘူး ။ May. ကြောင့် ဆိုင်ရဲ့နာမည်ပျက်တာမျိုး မဖြစ်စေချင်ဘူး “

ညနက်ပါတီတစ်ခုဖြစ်၍ မသွားချင်တာအပြင် မိမိကိုယ်တိုင်ကလဲ တကယ် ပညာမစုံသေးတာဖြစ်သည် ။

Tasting RED : Eros (Completed)Where stories live. Discover now