' Killing me softly ' ( warning : 18 +)

42.8K 1.6K 30
                                    

Check Unicode Below ⬇️

#Zawgyi

" ချစ်တယ် "

May တိုးညှင်းစွာဝန်ခံပြန်တော့ သူရယ်သည် ။ ဒါပါဆိုရင် May ငိုငိုယိုယိုနဲ့ပြောနေမိတာ အခေါက်တစ်ရာပြည့်လောက်ပြီ ။

Killian : " အင်း သိတယ် ... ဘေဘီ ,မင်းကတကယ် crybaby ပဲ ။ ချစ်စရာကောင်း‌လွန်းတယ် "

May့ပါးပြင်လေးထပ် ခပ်ကြမ်းကြမ်းဖိနမ်းကာ ဆိုသည် ။ May့တစ်ကိုယ်လုံးရှိုက်ကာသဲ့သဲ့တုန်နေပေမယ့် နှလုံးသားကိုတော့ မယှဉ်နိုင် ။ နှလုံးသားတစ်ခုလုံးတုန်ယင်နေတာကပရမ်းပတာပါပဲ ။ သူ့လောက်ရက်စက်တတ်တဲ့သူ ဒီလောကမှာ ရှိတော့မှာ မဟုတ်ပါဘူး ။ နူးညံ့စွာ May့ကိုသတ်နေတာလေ ။

သူ့ရဲ့အနမ်းတွေက မျက်နှာထပ်မှလည်တိုင်ဆီသို့ တဖြေးဖြေး‌ရွှေ့ပြောင်းလာသည် ။ သူ့ရဲ့ အသက်ရှူသံတွေသည် ပြင်းထန်လာကာ အသည်းယားလာလျှင်ခပ်ဖွဖွကိုက်သည် ။

" အာ့ "

May ကနာလို့တွန့်သွားရင် သူရယ်သည်။
ပြီးလျှင် ဆက်နမ်းသည် ။ ကိုက်သည် ။ အတော်ကြာမှ သူ ရပ်သွားကာ May့လည်တိုင်ဖြူဖြူလေးထပ်မှ နီနီရဲရဲသူ့လက်ရာများကို ကျေနပ်စွာကြည့်၏ ။

" နာတယ် တော်တော့ ..."

May မျက်ရည်‌စတွေနဲ့တောင်းဆိုလိုက်တော့ သူ မျက်ခုံးပင့်ကာ အံ့ဩသယောင် May.မျက်နှာကိုကြည့်လေသည် ။

Killian :" ဘေဘီ နာတာမကြိုက်ရင် မနာအောင် ကိုယ်အရင်လေ့ကျင့်ပေးထားရမယ်ထင်တယ် "

" ဘာ...ဘာကိုလဲ "

သူ့မျက်ဝန်းတွေမှ ဖြာထွက်နေသော ကောက်ကျစ်ခြင်းရောင်ခြည်တွေဟာ ဖုံးဖိမရ ။ May.အသိစိတ်က အန္တရာယ်ကိုခံစားမိသောအခါ သူ့ရင်ခွင်ထဲကရုန်းပြီး ထထိုင်ဖို့ကြိုးစားလိုက်၏ ။ ကံဆိုးချင်တော့ သူကပိုမြန်ကာ May. ကို သူ့ကိုယ်လုံးနဲ့ ဖိထားလိုက်လေသည် ။ May့ကိုယ်လေး သူခန္တာကိုယ်ကြီးအောက် လှုပ်လို့မရတော့ ။

Tasting RED : Eros (Completed)Where stories live. Discover now