' Why me ? '

13.1K 890 25
                                    

#Zawgyi

May ဟာ လက်သည်းခွံတွေကို လက်ထိတ်က‌လေး‌တွေနဲ့ကွက်တိ ထားလေ့ရှိတဲ့မိန်းကလေးမျိုး ။
လက်သည်းခွံကလေးတွေကို  အခြားမိန်းက‌လေးများလို အရေးတယူ လက်ဖြားကလေးကော့ကာ ကြည့်တတ်တဲ့ သူမျိုးမဟုတ်ခဲ့ ။
ဒါကြောင့် အရောင်တင်ဆိုးဖို့ဆို ဝေလာဝေးပါ ။

ဒါပေမယ့် . . .
အခုလို သူ့ရဲ့ကြီးမားသောလက်‌တစ်စုံက May. လက်ချောင်းလေးတွေကို ထွေးဆုပ်ထားတဲ့ အခါမျိုးမှာတော့ လက်သည်းခွံတွေပေါ်က လက်သည်းနီအရောင်‌ကလေးကို သဘောကျနှစ်ခြိုက်သည် ။
ဒီအရောင်လေးကို ရွေးဆိုးခဲ့တာ သိပ်မှန်ပါလားဆိုတဲ့ အတွေးကဝင်သည် ။
လက်ချောင်းတွေကို ညှစ်ဆုပ်ပေးထားတဲ့ သူက လက်လှလှကလေးကို သဘောကျလို့ ပြုံးတာနဲ့တင် May. အပြောင်းအလဲက တန်ခဲ့၏။

" May ဆုံးဖြတ်ပြီးပါပြီ . . .
မျက်နှာအစစ်အမှန်နဲ့ ကျောင်းဆင်းလက်မှတ်ကိုယူပါ့မယ် "

အသင့်ရိုက်ယူလာသော မိမိ၏မျက်နှာအစစ်ဖြင့် passport ပုံများကို တီချယ်ချမ်းအရှေ့သို့ ထိုးပေးလိုက်သည် ။
တီချယ်ချမ်းနှင့် ဘေးနား၌ထိုင်‌နေသော ကျောင်းသားရေးရာဌာနမှ တာဝန်ရှိသူ ဆရာတို့မှာ နားလည်ဟန် ပြုံးကြသည်။ 
May. ဘေးနားထိုင်နေသော သူမှာ May. လက်ကလေးတစ်ဖက်ကို မလွှတ်ပဲ အစည်းအဝေးတစ်လျောက်လုံး ထွေးဆုပ်ထားပေးခဲ့သည် ။

ရေကူးကန်အဖြစ်အပျက် အပြီး May ၏ မျက်နှာအစစ်ကို ဆက်လက်ဖုံးရန် မဖြစ်နိုင်တော့ ။မျက်နှာအစစ်နှင့် ကျောင်းသားကတ်တွင်သုံးထား‌ သော မျက်နှာမှာ ကိုက်ညီမှုမရှိ၍ ပြသနာကြီးခဲ့သည်။ 
ထိုသည်ကို Summer မိသားစုရှေ့နေတစ်ယောက်ဟု အမည်ခံကာ Dawn မှ ဝင်ရောက်ဖြေရှင်းပေးခဲ့သည်ဟု ကြားသိရသည် ။
ဆရာ၊ ဆရာမများမှာလဲ Dawn ၏ ပြောပြချက်ဖြင့် May ၏ စိတ်အခြေအနေကို အကြမ်းဖျင်းသဘောပေါက်ထားကြပြီဖြစ်သည်။  
ဒါ့အပြင် King Family ၏ ဖိအားပါဝင်သက်ရောက်သဖြင့် ပြသနာမှာ တောင်ကြီးပမာဏကနေ တောင်ပို့ကလေးအရွယ်အထိ သေးငယ်သွားခဲ့၏ ။
ထုံးစံအတိုင်း တောင်ပို့ကလေးဆိုလျင် မကျော်လွှားနိုင်စရာမရှိ ။

တီချယ်ချမ်း : " ဒီအတောအတွင်း သမီးသိပ်ပင်ပန်းသွားရပြီ May
တီချယ်တို့က အကောင်းဆုံး အထောက်အပံ့ပေးမှာပါ
ဒီကိစ္စကစိတ်မပူနဲ့နော် "

Tasting RED : Eros (Completed)Onde histórias criam vida. Descubra agora