' Cross Paths '

12.9K 966 18
                                    

#Zawgyi

ရှေ့အပတ်တွေ၌ May သည် ဆေးရုံတက်နေရသဖြင့် ယခုအပတ်တွေ၌ နေ့စဉ်သန့်ရှင်းရေးတာဝန်ယူရမည်ဟု စာရင်းကျလာ၏။ 
ကျောင်းခေါ်ချိန်မပြည့်လျင် ပြသနာရှိသော်လည်း သန့်ရှင်းရေးဂျူတီချိန်မပြည့်လျင် ပြသနာရှိသည်ဟုတစ်ခါမှ မကြားခဲ့ဖူးပေ ။
သို့သော် ပညာသင်ဆုရ စံပြကျောင်းသူဖြစ်တာကြောင့်လည်းကောင်း၊ သေးမွှားသော ကိစ္စလေးကို ရေးကြီးခွင်ကျယ်မလုပ်ချင်တာကြောင့်လည်းကောင်း . . .
May နှုတ်ပိတ်ကာ ဆင်ခြေမတက်ပဲ လုပ်ပေးနေခဲ့၏  ။

ထို့ကြောင့်လဲ နေ့စဉ်နေ့တိုင်း နောက်ကျမှ ကျောင်းဆင်းရပါသည် ။

Lan : " ဘာလဲဟာ နင်ဒီတစ်ခေါက်မပြောရင် ငါသွားပြောပြီ
လွန်လာပြီ ကြည့်ကြည့်နေတာ
မန့ကရော တနေ့ကပါ နင်ချည်းပဲလုပ်နေရသလိုပဲ "

ကျောင်းပြေးလို့ဝလို့ ကျောင်းလာ သော Lan က သူငယ်ချင်းတစ်အုပ်ညနေမုန့်သွားစားကြမည်ဟု ရည်ရွယ်ပြီးလာခြင်းဖြစ်သည် ။
နေ့တိုင်းမအားနေ၍ အတူတူမလိုက်ကသော May. အစား သူမက စိတ်ဆိုးဒေါသထွက်ပေးနေ၏ ။

Shen : " Lan စိတ်လျော့ပါဟာ
ငါတို့လဲ အတန်းခေါင်းဆောင်ကို သွားပြောပြီးပြီ . . တတိယနှစ်ရဲ့ သန့်ရှင်းရေးတာဝန်ခံဆရာမက ဒီနှစ်မှအသစ်မို့တဲ့၊ လုပ်ထုံးလုပ်နည်းတွေမသိသေးတာတဲ့ "

Shen က ရှင်းပြတော့ May က ခေါင်းညိတ်ထောက်ခံလိုက်သည် ။
အခြားဆရာ၊ ဆရာမများကလဲ ဆရာချင်းအဖုအထစ်တွေမရှိချင်၍ ဝင်မပါတာနေမည် ။
May နားလည်ပါသည် ။

Lan : " May Summer နင်က ဘာခေါင်းညိတ်နေတာလဲ
နင့်ကို သပ်သပ်ပညာပြနေတာဟဲ့ မသိဘူးလား "

ကိုယ်နဲ့မဆိုင်သလို ပြုံးပြုံးလေးနားထောင်နေသော May. ကို Lan က စိတ်မရှည်စွာအော်တော့သည် ။

" ပညာပြရအောင် ငါက ဘာဖြစ်နေလို့လဲဟ ငါက အဲ့တီချယ်ကို သိတောင်မသိဘူး "

May. စကားကို ကျန်နှစ်ယောက်ကထောက်ခံသည် ။
Lan ကတော့ မကျေမနပ်မျက်နှာမဲ့လျက် ။

Lan : " ငါ King ကို သွားပြောလိုက်မယ်ကြည့် နင်အနိုင်ကျင့်ခံနေရတယ်လို့ ဟွန့် ! "

Tasting RED : Eros (Completed)Where stories live. Discover now