' Psychotic Love '

12.6K 957 32
                                    

#Zawgyi

' ခံနိုင်ရည်တွေမရှိပါဘူး ' လို့ အတန်တန်ပြောထားရဲ့သားနဲ့ ၊
သူ့ကိုထားခဲ့ပြန်ပြီ ။
‌သူမရဲ့ အငွေ့အသက်တွေနဲ့ ဆက်လက်နေထိုင်ရမယ့် သူ့ကိုမှ မညှာမတာ ။
ရုပ်ဝတ္ထုပစ္စည်းတချို့ကို အစအနဖျောက်ရုံနဲ့ သူကအလွယ်မေ့နိုင်မယ့်‌ ကောင်မျိုးလား ?

နှစ်နှစ်ကာကာလွမ်းတော့ အလွမ်းပြေ သူမ ပိုင်တဲ့ပစ္စည်းလေးတွေကို ရှာဖွေမိသည် ။
တစ်အိမ်လုံးကို စိတ်ကျေနပ်တဲ့အထိ ဖွပြီးမှ မောတဲ့အခါရပ်လိုက်သည် ။

တကယ်ပဲ သူမ ဘာမှကိုမချန်ခဲ့တာပဲ . . .
အဲသလိုတွေးမိတော့ ကိုယ့်ကိုယ်ကိုသတိရတယ် . . .
အော် သူဟာလဲ သူမ ပိုင်ဆိုင်တဲ့အရာတစ်ခုပဲလေ . . .
ခက်တာက ကိုယ့်ကိုယ်ကိုပြန်လည်ထွေးပွေ့လို့မရနိုင်တာ ။

သူမအကြိုက်ဆုံး မှန်တွေနဲ့တည်ဆောက်ထားတဲ့ စာကြည့်ခန်းထဲ သူတစ်ယောက်တည်း ။
ပွဲကျဲနေသော စာအုပ်တွေ၊ စီဒီတွေကြားထဲ လက်မှိုင်ချထိုင်နေမိသည်။
ဘေးဘီ‌ကို ကြည့်မိတော့ မနက်စောစောရောက်လာမယ့် အိမ်အကူအန်တီကြီးရဲ့ မျက်နှာကိုမြင်ယောင်၏ ။
နေ့တိုင်းမရိုးနိုင်အောင်ဖွတဲ့ သူ့နောက်ကလိုက်သိမ်းရင်း အန်တီကြီးကတော့ သူ့ကိုမေတ္တာပို့နေမှာပဲ ။

တစ်သက်လုံး သူတစ်ပါးအပေါ်ကိုယ်ချင်းမစာခဲ့ဖူးသော သူသည် အခုတော့ အခြားလူတစ်ယောက်လို ။
ဖွထားမိသော စာအုပ်တွေကို မိမိဖာသာ စဉ်ပေါ်ပြန်စီတင်ကာ သိမ်းဆည်းနေလိုက်၏ ။

မင်းတွေ့လား ဘေဘီ ?
ကိုယ်ဟာ ကိုယ်မဟုတ်တဲ့ သူတစ်ယောက်ဖြစ်သွားခဲ့ပြီ . . .
' မကြိုက်ဘူး ' ဆိုတဲ့ အလိုမကျ နှုတ်ခမ်းဆူဆူလေးတွေအောက်မှာ သူပြုပြင်ခဲ့တဲ့ အရာတွေက မရေတွက်နိုင်အောင်ရှိခဲ့ပြီ ။
ဒါတွေကိုရော မင်းသိရဲ့လား ?

စာအုပ်တွေကို ပြန်လည်ကောက်ယူကာ စီရီနေသော လက်တွေက အနီရောင်စက္ကူစလေးတစ်ခုကို မြင်တော့ ရပ်တန့်သွား၏ ။
အဲ့ဒီ စက္ကူကလေးဟာ ဘာလဲဆိုတာ ကောင်းကောင်းသိတာမို့ ထခုန်မိမတတ် သူပျော်သွားခဲ့သည် ။
အကြောသေနေပြီထင်ခဲ့သော နှုတ်ခမ်းပါးတွေ ကွေးကာပြုံးရင်း
စက္ကူကလေးကိုကောက်ယူလိုက်သည် ။
ထို့နောက် ခေါက်ချိုးရာတွေကို လက်ချောင်းသွယ်သွယ်တွေနဲ့ ပုံစံကျသွားအောင်ဖိနေလိုက်သည်။

Tasting RED : Eros (Completed)Donde viven las historias. Descúbrelo ahora