' In the name of Love '

15.8K 1K 32
                                    

#Zawgyi

Lan : " အနားမလာနဲ့ !!! "

အိပ်ပျော်နေပုံ‌ရသောမျက်နှာလေးတွေသည် ဖြူယော်ကာ သွေးစက်တွေသည် ဆေးရောင်တွေပမာ။ 
သူမလေး၏ ခေါင်းမှသွေးတွေကို Lan က လက်နဲ့ဖိပိတ်ထားကာ ဘယ်သူ့ကိုမှ အနားကပ်မခံပဲ အော်နေသည် ။
ကျောင်းသူကျောင်းသားတချို့နှင့် ဆရာ၊ ဆရာမများသည်လဲအနား၌ဝိုင်းကာ ပြာယာလျက် ။

သူ့ချစ်သူလေးကတော့ နှစ်ချိုက်စွာ အိပ်မောကျလျက် ။

မြင်ကွင်း၏ နှိပ်စက်မှုက ရက်ရက်စက်စက်   ။
သူ့မှာ ခံနိုင်ရည်တွေမရှိပါ ။
သူသည် မိမိမျက်လုံးတွေကိုပါ နှိုက်ထုတ်လိုက်ချင်သည် ။
သူမကို ထိုပုံစံနှင့်မမြင်ရတော့အောင်. . .

သို့သော် သူ့ခြေလှမ်းတွေက အနားရောက်သွားခဲ့သည် ။

Lan : " Ki. . King . .May လေ . .
သွေးတွေ အ. . အရမ်းထွက်နေလို့ "

အရူးတစ်ယောက်ပမာ အော်ဟစ်နေသော Lan သည် သူ့ကိုမြင်တော့ ‌အားကိုးတကြီးပြောရှာသည် ။

သူ့နှုတ်ခမ်းတွေ တုန်နေကာ အသံတွေမထွက်နိုင် ။
‌ခြေဖျား၊လက်ဖျားတွေ အေးစက်လာကာ အတွင်းထဲမှာမူ ပူပြင်းလျက် ။
သူ ဒူးထောက်ချလိုက်ကာ Lan ၏လက်ထဲမှ သူမလေးကို လွှဲပြောင်းယူလိုက်၏ ။

Killian : " ဘေ့ . . ဘေဘီ ? "

သူ၏ ခေါ်သံ အက်အက်ကြောင့် ဘေးနားမှ လူအုပ်ကြီးသည် ဟင်ခနဲ ၊ဟာခနဲ ။
သူတို့တွေအတွက် လူတစ်ယောက်ထိခိုက်ဒဏ်ရာရမှုက Killian King ၏ သမီးရည်းစားသတင်းထပ် အရေးမကြီးပုံ ။
သူလဲ သွေးတွေစီးနေသော နေရာကို သွေးတွေစိုနေသော လက်ကိုင်ပဝါဖြင့်
ကြိုးစားဖိပိတ်နေမိသည်။ 
ထို့နောက် သူ၏ ရင်ခွင်ထဲ၌ပိုက်ထားလိုက်ကာ မျက်လုံးလေးတွေပွင့်လာ
နိုးနိုး တမ်းတ‌ခေါ်ဝေါ်နေမိသည် ။

Killian : " ဘေဘီ ? "

သူ၏ အသံက ချစ်ရသူလေးကို အိပ်ယာမှ နှိုးနေသလို ကြင်ကြင်နာနာ။ 
ကြည့်နေသောအချို့မှာမူ မျက်ရည်တွေဝိုင်းလာတော့သည် ။

Killian : " လူ. . လူနာတင်ကား . . "

သူက နှုတ်ခမ်းတွေလှုပ်ရုံလေး တီးတိုးအကူအညီတောင်းမိသည် ။

Tasting RED : Eros (Completed)Where stories live. Discover now