' Thousands Eros '(Warning:18+)

41.1K 1.3K 131
                                    

#Zawgyi

အဘယ်သောအခါမှ မတူညီခဲ့သော
လူသားနှစ်ဦး ကွဲပြားသောနည်းလမ်းတွေဖြင့် ချည်‌နှောင်ကြရာဝယ် . . . အချစ်ကြိုးလေး ခိုင်မြဲမည်လော ?

********* ********** ********

အခုမှ စဉ်းစားမိတယ် . . .။
May. ရဲ့ ပထမတွေ အတော်များများကို သူပိုင်ခဲ့၏ ။
ပထမဆုံး အချစ် ။
ပထမဆုံး အနမ်း ။
ပထမဆုံး အသည်းကွဲမှု ။
ပထမဆုံး . . .
ပထမဆုံး . . .
ပထမဆုံးတွေသိပ်များတာပဲ ။

သူ့အတွက်ကတော့ ထိုသို့ ဟုတ်ချင်မှ
ဟုတ်မှာ ။ သူက သိပ်ပြီးမတရားတာပဲ ။

Killian : " ‌ဘေ့ , ဘေဘီ , ဟေး ! "

ဆိုဖာပေါ်  ငုတ်တုတ်လေးထိုင်ငိုင်နေသော May. မျက်နှာရှေ့ သူလက်လာယမ်းသည် ။

ညနေစောင်းလာတာနှင့်အမျှ စိတ်လှုပ်ရှားကာ ငေးငေးတွေးတွေးဖြစ်နေသော May ပါ ။

" ဟင် ? "

Killian : " ရေမချိုးသေးဘူးလား ? နောက်ကျနေပြီ "

'ရေချိုး' ဆိုသည့် ဝေါဟာရက စိတ်လှုပ်ရှားနေသော ကောင်မလေးအတွက် သိပ်ကို ပြင်းထန်လွန်းသွားသလားမသိ ။ မျက်ဝန်းအိမ်လေးတွေ ပြူးကျယ်သွား၏။

ထိုအမူအရာကို မြင်တော့ သူ ပင့်သက်ရှိုက်သည် ။

Killian : " ဘေဘီ မင်း အရမ်းစိတ်ပူလွန်နေတယ် "

ထိုသို့ဆိုကာ May. ဘေးနားဝင်ထိုင်သည်။ သူ့မျက်နှာမှာ စိုးရိမ်မှုတွေ . . . ။

Killian : " ဘေဘီချိုးချင်မှ ချိုးပါ ။ ကိုယ်က နောက်ကျရင် အေးမှာစိုးလို့ "

သူက စိတ်အေးစေလိုကာ ဆိုတော့ May ခေါင်းညိတ်ပြလိုက်သည်။ May သူ့ကိုတောင် အားနာလာပြီ ။

Killian : " အားမနာနဲ့ . . . ကိုယ်က ဘယ်သူလဲ ? မင်းကို ချစ်တဲ့သူပဲ ။  ဘေဘီ စိတ်အရမ်းစိတ်ဖိစီးရင် ကိုယ်တို့ရပ်လိုက်ကြမယ် ဟုတ်ပြီလား "

" အင်း "

သူက May. စိတ်ကို ဖတ်တတ်သလို ပြောလိုက်တော့ May လန့်သွားရသည်။ အမှန်တကယ်မှာ သူဟာ နတ်ဆိုး‌လေးမဟုတ် ၊ ပုဏ္ဏားလေးပဲ။

" ငါ . . . ငါ ဒီနေ့မှ မဟုတ်ရင် နောက်ဘယ်တော့မှ မလုပ်နိုင်တော့ဘူးထင်တယ် ။ ငါ ပြင်ဆင်လာတာ ဒီနေ့အတွက် "

Tasting RED : Eros (Completed)Where stories live. Discover now