Don't you dare ! (Warning:18+)

38.2K 1.2K 64
                                    

Unicode is below ⬇️

#Zawgyi

Dawn : " သူ့ကိုလဲ ပြောပြသင့်တယ် May ။ အကယ်၍ May ပြောရတာ သက်တောင့်သက်သာမဖြစ်ဘူး ဆိုရင် ၊ ကိုယ်ပါ တူတူလိုက်ပြောပေးမယ် "

အားကိုးရသော အစ်ကိုကြီးတစ်ယောက်ပမာ Dawn သည် May. အတွက် စိတ်ပူပေးလေသည် ။

" ရတယ် Dawn , May ပြောပြလိုက်ပါ့မယ် "

May. အရေးကိစ္စမှန်သမျှကို မိမိနှင့်လဲ
မသက်ဆိုင်ပါပဲ လိုက်လံလုပ်ဆောင်ပေးနေသောကြောင့် May. မှာ အားနာလို့မဆုံး ။

ယနေ့လဲကြည့် ၊ May.ရဲ့ မိခင်ဖြစ်သူ၏
အရိုးအိုး နေရာပြောင်းဖို့အရေး လိုက်လံကူညီပေးသည် ။ မေမေဆုံးသောရက်လည် နီးလာပြီဖြစ်၍ May. အတွက် စိတ်ပူပန်ပေးသည် ။ မိမိ၏ အတိတ်ကို မေ့ကာ ပြည်ဖုံးကားချထားသော်လည်း နွေဦးတွေ၌ စိတ်တွေမူမမှန်သော May. အတွက် အားအင်ဖြစ်ပေး၏ ။

Dawn : " May အားမနာနဲ့နော် ၊ ကိုယ်က အားနာရမယ့်သူမဟုတ်ဘူး ။ ညီ့ကိုကလဲ ပြောဖို့ အချိန်ဆက်မဆွဲထားနဲ့တော့ ။ ရှေ့ဆက်ရဖို့ တစ်ယောက်ကိုတစ်ယောက် သိနေဖို့လိုတယ်လေ "

" ဟုတ်, May နားလည်ပါတယ် "

သူနဲ့ ယခုအခြေအနေမှာ May. ရဲ့ ပြသနာတွေပါ ထပ်ပေးဖို့ကမလွယ်ပါ။

May. မျက်နှာလေး တခဏညိုးသည်နှင့် Dawn ကသဘောပေါက်သွားပုံရသည်။

Dawn : " ညီက စိတ်ထားနူးညံ့သူပါ ။ May. အပေါ်တော့ သူ ဘယ်တော့မှမငြိုငြင်ဘူး . . . အဲတာတော့ယုံ ။ သူ့ကို ပွင့်ပွင့်လင်းလင်းသာပြောပြ ၊ သူလက်ခံပေးလိမ့်မယ် "

Dawn သည် အကြင်သူကို သူ၏ သွေးသားရင်းချာတစ်‌ယောက်ပမာနားလည်ဟန်ဆို၏ ။ May ခေါင်းကို ဖြေးညှင်းစွာ ညိတ်ပြလိုက်သည် ။

သူ နားလည်ပေးဖို့ May လဲ မျှော်လင့်ပါတယ် ။

Dawn : " ဟင်း ညီက May. ကို ဘယ်လောက်တောင် သဘောကျလိုက်သလဲ . . . ကိုယ်တောင်မြင်တယ် "

ထိုစကားကြောင့် May. မျက်နှာလေးပူရှိန်းသွားကာ ပြုံးမိသည်။

တကယ်ပဲလား ? အခြားလူတွေ မျက်စိထဲ ထိုသို့မြင်ကြသည်လား ?

ကောင်မလေး၏အပြုံးကို မြင်ရတော့ Dawn သည် မျက်နှာလွှဲလိုက်သည်။

Tasting RED : Eros (Completed)Où les histoires vivent. Découvrez maintenant