How to be a Lover 101

14.5K 1K 46
                                    

#Zawgyi

နွေညတွေဟာ ပူတာလား ?
နွေးတာလား ?

မရယ်ပါနဲ့ . . .
ပူတာနဲ့ နွေးတာနဲ့ ခံစားချက်ချင်းမတူပါဘူး ။
ဥပမာပေးရရင် သူရှိရင်နွေးတယ် ။
သူမရှိရင်ပူတယ် ။

အချစ်မှာ အရိပ်အာဝါသတစ်ခုရှိတယ်။
Air Conditioner လေးလိုပဲ May. ကမ္ဘာလေးရဲ့ လေထုကိုထိန်းညှိပေးတယ် ။

အခုလား ?
May အရမ်းနွေးနေတယ်လေ . . . ။

Killian : " လသာနေပေမယ့် ကြယ်ကြတော့မမြင်ရဘူး နော် "

May. သူ့ပုခုံးပေါ်ခေါင်းတင်ရင်းလေးပဲ ထောက်ခံလိုက်သည်။ 
May. ရဲ့ ကြယ်လေးဟာ သူမျက်ဝန်းပြာတွေပဲဆိုတာကိုတော့ မပြောဖြစ်လိုက်ပါဘူး ။ 

" အင်း "

မီးပိတ်ထားသော မှန်လုံခန်းကျယ်ကြီးထဲ ချစ်သူနှစ်ဦး ကောင်းကင်ကြီးကိုရှုစားကြသည်။ 
လရောင်က မှန်မှတဆင့်ထိုးဖောက်ဝင်ကာ တစ်ခန်းလုံးကိုလင်းနေစေ၏ ။

Killian : " . . ဘေဘီ . . မင်းကို သူများတွေ အထင်သေး‌နေတာ ကိုယ်လုံးဝမကြိုက်ဘူးကွာ  . . . "

အသံရှရှလေးတွေက မာနေသဖြင့် သူဒေါသထွက်နေကြောင်း နားလည်လိုက်သည် ။
သူ့ဒေါသတွေ၏ ဦးတည်ရာကိုသိပါသည် ။
ဒါကြောင့် သူ့လက်ကိုဆုပ်ကိုင်ကာ လက်ချောင်းချင်းယှက်သိုင်းထားလိုက်သည် ။

" အင်း May သိတာပေါ့ "

သူစိတ်ပြေသွားနိုးနိုး ။

Killian : " . .မင်းက မင်းသိထားတာထပ် ထူးခြားတဲ့သူ
မင်းက ကိုယ်နဲ့ထိုက်တန်တာထပ်ပိုတယ် ဘေဘီ . . . တချို့လူတွေရဲ့ ထင်မြင်ချက်တွေကို ဂရုမစိုက်လဲရတယ် "

သူက မကျေမနပ်ဆိုသည်။ 
သူကတော့ ဘာရည်ရွယ်ချက်မှ မပါပေမယ့် May. အတွက်တော့ခမ်းနားသွားသည်။ 
ထိုစကားက May. အတွက် ဒီအချိန်မှာအလိုအပ်ဆုံးစကား‌လုံးတွေပဲ။ 

လရောင်အောက် အမှောင်တခြမ်းဖုံးနေသော ဘေးတစောင်း မျက်နှာလှလှကို  မသိမသာပြုံးမိရင်း May ငေးကြည့်မိ၏။ 
သူ့ရဲ့ သေးငယ်တဲ့အရာလေးတွေက အစ May ချစ်မိတာလဲ မလွန်ဘူးထင်ပါသည်။ 
ဘယ်လောက်ဆိုးဆိုး ၊ဘယ်လောက်ကြမ်းကြမ်း ။
သူ့ကို ပိုပိုပြီးချစ်မိလာဖို့ပဲရှိမည်။ 

Tasting RED : Eros (Completed)Where stories live. Discover now