' If I were unbreakable '

20.3K 1.3K 35
                                    

Unicode Below ⬇️

#Zawgyi

အချစ်ဆိုတဲ့ ခံစားချက်ဟာ တကယ်တော့ အာရုံငါးပါးကနေဖြစ်တည်လာတဲ့ ဦးနှောက်ကတုန့်ပြန်မှု‌တစ်မျိုးပါတဲ့ ။ သိပ်ကို ရိုးရှင်းလွန်းပါတယ် ။

ဒါပေမယ့် သင် တကယ် ချစ်မိသွားတဲ့ အချိန်မှာတော့ အဲ့ဒီ ဖွင့်ဆိုချက်တွေက စရှုပ်တာပါပဲ ။

ဘယ်လိုလဲ သင်ချစ်ဖူးပြီလား ?
နူးညံ့စွာ . . .  ရူးသွပ်စွာ . . .

*******************

May.အတွက်ကတော့ အချစ်ဆိုတာဟာ အနီရောင်တွေပဲ ။

အနီရောင်တွေ. . . ။
အန္တရာယ်တွေကို ကိုယ်စားပြုသည် ။တောင့်တမက်မောခြင်းတွေကို ကိုယ်စားပြုသည် ။ ဒဏ်ရာတွေကို ကိုယ်စားပြုသည် ။ လောကကြီးမှာရှိတဲ့ အဆိုးဆုံး တရားတွေပဲ ။ 

ချစ်ရသူက ပွေ့ဖက်နမ်းရှိုက်လိုတော့ အနီရောင်တွေက May.ကို ပြောတယ် ငြိမ်ငြိမ်လေးနေတဲ့ . . . ။ သူ့နှုတ်ခမ်းတွေကို ထိ‌တွေ့မိတော့ တစ်ကိုယ်လုံး ရူးလောက်အောင်တုန်ယင်နေတယ် . . . ချစ်လို့ ၊ မုန်းလို့ ။ အဆိုးဆုံး ဝဋ်ကြွေးတစ်ခုပဲ ။

မျက်လုံးလေးတွေမှိတ်ရင်း သူ့လက်ထဲ အသက်မဲ့နေမိတာ ဘယ်လောက်ကြာသွားပြီမသိ ။

Killian :" ဘေဘီ . . . ဘေဘီ"

သူ‌ကလဲ ရည်ရွယ်ချက်ရှိရှိနဲ့ပဲMay.ကိုအနမ်းတွေကြားက တဖွဖွခေါ်သည်။ သူ့ရဲ့ကြီးမားသော ရင်ခွင်ကျယ်ထဲ ပိတ်မိနေသည့် May မှာ မုန်းယောင်ဆောင်ရုံမှတစ်ပါး ဘာမှမတတ်နိုင်။

အောက်နှုတ်ခမ်းကို ဖိကိုက်အံကြိတ်ရင်း . . .  ။ 

လည်တိုင်ထပ် စူးနစ်နေအောင်အနမ်းတွေပေး‌နေသော သူ ကတော့ May. မာနတွေကို တစပြီးတစနင်းချေသည် ။ သူ့အတွက် အဲဒီလိုလုပ်တာက အစတည်းက ခက်ခဲခဲ့တာမှ မဟုတ်တာ ။ ဘာဆန်းလဲ ?

" ငါ့ကို နင် သတ်လိုက်ပါတော့ ကျေးဇူးပြုပြီး . . . ဟင့် "

စို့နင့်တုန်ရီနေသော အသံတိုးညှင်းစွာ ထွက်သွား၏ ။

မနိုင်မှန်းသိသိကြီးနဲ့ မတိုက်တော့ပါဘူး ။
May အသက်ပဲပေးလိုက်တော့မည်။

Tasting RED : Eros (Completed)Where stories live. Discover now