' Destroy '

18.5K 1.1K 42
                                    

#Zawgyi

May ဆိုသည်မှာ အချစ်နှင့်ပတ်သတ်လျင် မတတ်တခေါက်ကလေးငယ် ။

လူသားတို့၏ သက်တမ်း နှစ်ဆယ့်ရှစ်သိန်းတွင် အချစ်ကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြရာ မည်သူမှ
မှန်ကန်မှုမရှိသေး  ။
အချစ်သည် လူသားတို့၏ ဉာဏ်ပညာနှင့် မဖြေရှင်းနိုင်သော ပုဒ်စာတစ်ပုဒ်
အဖြစ်ကျန်ရှိ၏ ။

" မင်းကို ငါနာကျင်စေမယ် " ၊
" မင်းငါ့ကို နာကျင်စေ " ၊
" ငါတို့နှစ်ယောက် တစ်ယောက်ကို
တစ်ယောက် နာကျင်စေကြမယ် " ။
ဤသည်က May တို့နှစ်ယောက်၏
အချစ်ဇာတ်လမ်းဖြစ်မည် ။

အရာရာအားလုံးပြောင်းလဲ သွားမည့် အချိန်တစ်ခုကိုစောင့်ဆိုင်းရင်း
ချစ်နေရခြင်းက တစိမ့်စိမ့်နှိပ်စက်သည်။ 
တစ်နေ့ တစ်ချိန် . . . သူ May. ဆီကနေ ထွက်သွားလိမ့်မည်။ 

ဒါဆိုရင် အဆုံးသတ်ကို သိနေလျက်နဲ့ May ဘာကြောင့် ရှေ့ဆက်ချင်နေသေးလဲ ?
လှိုင်းကလေးပုတ်ခတ်လျင် ပျက်ပြယ်သွားမယ့် ကမ်းစပ်က စာလုံးလေးတွေကို အထပ်ထပ်အခါခါ ပြန်ပြန်ရေးခြစ်နေရတာကို မောပန်းတယ်လို့ မမြင်သေးသ၍ ရှေ့ဆက်မည်ပေါ့  ။

ခန့်မှန်းမရတဲ့ ပင်လယ်ကြီးရဲ့
ကမ်းစပ်တစ်နေရာက 
ကောင်မလေးတစ်ယောက် . . . . . ။

******************************

Killian : " ဘေဘီ မင်းကိုယ့်ကို
ရှောင်နေတာ ရပ်တော့ "

အသံရှင်ကြောင့် ဟင်းရွက်လှီးနေသော May. လက်တွေတန့်သွား၏ ။
အသံလာရာသို့ May မလှည့်ကြည့် ။
ဘယ်လို တုံ့ပြန်ရမလဲမသိ ။

Killian : " ဟား . . . ‌မရှောင်နေဘူးလို့တောင် ဟန်ဆောင်မပြောနိုင်ဘူးလား ?
အဲလောက်တောင် မုန်းနေတာလား ? "

မှန်၏ ။
May သူ့ကို ရည်ရွယ်ချက် မရှိပဲရှောင်နေမိသည် ။
ဤသို့ ကျယ်ဝန်းသော အိမ်ကြီး၌
တစ်ယောက်နဲ့တစ်ယောက်ရှောင်ဖို့က
သိပ်လွယ်လွန်းသည်ကိုး ။
ဒါပေမယ့် အမုန်းတွေကြောင့်ဆိုသည်ကိုတော့ ငြင်းဆိုရမည်။ 
အချစ်တွေကြောင့်ပါ ။

သူမီးဖိုခန်းထဲဝင်လာကာ May. အနောက်မှာ လာရပ်သည် ။

Killian : " ကိုယ်တို့ ဘာကြောင့် ဒီလိုအခြေအနေအထိရောက်သွားတာလဲ ?
တစ်ခုခုပြောလေ "

Tasting RED : Eros (Completed)Where stories live. Discover now