' Third Person '

32K 2K 47
                                    

Check Unicode Version below ⬇️

#Zawgyi

နေ့စဉ် ညနေ ၅ နာရီမှ ၈ နာရီအထိ Blue Lagoon မှာ May. အချိန်ပိုင်းအလုပ်ရှိသည် ။ ကျောင်းပိတ်ရက်များတွင် မနက်ပိုင်းခေါ်ပေမယ့် ညနေအထိလုပ်ပေးရတာများပါသည် ။ ယနေ့လို ညပိုင်းလူကျတဲ့ရုံးပိတ်ရက်များတွင်မူ May နောက်ကျတဲ့အထိ နေပေးနေကျ ။

" Summer , မင်း ရဲ့သူငယ်ချင်းလားမသိဘူး မင်းကိုမေးနေတယ် "

သူဌေး မေးငေါ့ပြတဲ့ဖက်သို့ လှည့်ကြည့်လိုက်တော့ ထင်နေတဲ့အတိုင်း သူပဲဖြစ်၏ ။ သူသည် ဆိုင်၏‌ထောင့် အမှောင်ရိပ်ကျကျစားပွဲတစ်နေရာမှ May. ဖက်ကို ငေးနေပြီး၊ မျက်လုံးချင်းဆုံသွားတော့လဲ လူကိုဂရုမစိုက်သလို မျက်နှာနှင့် မတုန်မလှုပ်နေလေသည် ။

" သွားနှုတ်ဆက်လိုက်လေ "

သူ့အကြောင်းမသိပဲ သူဌေးကလဲသွားနှုတ်ဆက်ခိုင်းနေသည် ။

သွားနှုတ်ဆက်ပြီးဘာလုပ်ရမှာလဲ ? May နဲ့သူနဲ့က ဟီးဟီးဟားဟား စကားလက်ဆုံပြောရလောက်တဲ့ ဆက်ဆံရေးမှမဟုတ်တာပဲ ။ သူ့ကိုစာရှင်းပြတာတောင် တစ်ပတ်ပြည့်သေးတာမဟုတ် ။

ဒါ့အပြင် May.ကို သူ တစ်နေ့တစ်နေ့ ဒေါသထွက်စေတဲ့ အကြိမ်ပေါင်းကမရေမတွက်နိုင်အောင်များသည် ။ စကားတောင် ဖြောင့်ဖြောင့်မပြောနိုင်တာ သူနဲ့ရင်းနှီးဖို့ဆိုတာက ဝေလာဝေးပင် ။

ကိုယ့်အတ္တနှင့်ကိုယ် စည်းတွေတား
နေသော်လည်း သူ့ရှေ့တွင်တော့ ထိုစည်းတွေဟာအသုံးမဝင်‌ပေ ။ အဲ့ဒီစည်းတွေကို သူအပြုံးလေးတစ်ပွင့်နဲ့ အလွယ်ပဲကျော်ခဲ့နိုင်သည် ။ ခုလဲကြည့် သူ အဲလိုလုပ်နေပြန်ပြီ ။

Killian : " May ! "

May.ကိုသူ တရင်းတနှီးလှမ်းခေါ်သည် ။ မျက်နှာတည်လေးပေမယ့် မျက်လုံးတွေက ရယ်မြူးနေတာ May.ကိုအခက်တွေ့အောင်လုပ်ရတာက သူ့ဝါသနာများလားလို့အောင့်မေ့မိသည်အထိ ။

" customer ကခေါ်နေတယ်လေ "

အတင်းသွားခိုင်းနေတဲ့ သူဌေးကြောင့်‌ May လဲစိတ်မပါတပါနှင့် သူ ထိုင်နေတဲ့ဝိုင်းသို့သွားလိုက်ရသည် ။ အနားရောက်သွားတော့ May.ကို သူ ခြေဆုံးခေါင်းဆုံးကြည့်သည် ။ ပြီးတော့ပြုံးသည် ။ ထိုအပြုံးက ညစ်ကျယ်ကျယ် ဗီလိန်တစ်ကောင်၏အပြုံး ။

Tasting RED : Eros (Completed)Where stories live. Discover now