Accidentally . . .

15.2K 1K 19
                                    

#Zawgyi

ပုဒ်စ္ဆာတွေဖြေရှင်းရာ၌ တစ်ဖက်ကမ်းခတ်သော သူသည် ချစ်သူမေးသော မေးခွန်းတွေကို မဖြေတတ် ။
အချစ်ဆိုသော ပဝါပါးလေး မျက်စိရှေ့မှာလွှားထားသလို အလင်းမရောက်နိုင်ပဲရှိသည် ။
ထိုအချိန်တွေဆို သူသည် မျက်ကန်းတစ်‌ယောက်ပမာ ကြောက်ရွံ ခံစားရ၏ ။

သူစုဆောင်းထားတဲ့ ရင်ငွေ့လေးတွေအကုန်လုံးက ချစ်သူလေးအတွက်ပါ ။
ထိုသဘောတရားကို သူမလေးကို
ပြချင်ရုံလေးသာ ။
ဒါပေမယ့် သူ့ရဲ့ အပြုအမူတချို့က ချစ်ရသောကောင်မလေးအတွက်
စိတ်အားငယ်စေပါတယ်တဲ့ ။

May Summer ဆိုတဲ့ ကောင်မလေးဟာ သူ့မျက်စိထဲ တစ်လောကလုံးမှာ အလှဆုံး။
အမြတ်နိုးဆုံး လူသားလေးပါ ။
ဒါကို သူမ တကယ်ပဲ မသိတာလား ?
သူဟာ သူမအနားရောက်ဖို့ ဘယ်လောက်ကြိုးစားခဲ့ရသလဲ ။
သူ့အတွက်ကတော့ သူမဟာ သူမပဲဖြစ်ပြီး ။
သူမဖြစ်တာကြောင့်ပဲ သူကချစ်တာဖြစ်သည် ။
သူ့ အချစ်တွေက အဲသလောက်ရိုးရှင်းပါသည် ။

ဒါပေမယ့် ဒါတွေကို သူမလေး နားမလည်နိုင်တဲ့အခါ ငြိမ်သက်စွာအနားမှာ နေနေရုံမှတပါး သူ ဘာမှမပြောထွက်ခဲ့ ။
သူ့ရဲ့ ခံစားချက်တွေကို သူမလေးအထင်သေးတဲ့အခါတိုင်း သူလဲ နာကျင်ရသည်ကိုတော့ နှလုံးသားကသာ အသိဆုံးပေါ့ ။

နေ့လည်ကျောင်းပြန်တက်သည်နှင့်
သူမကတော့ အတန်းထဲပြန်သွား၏ ။
သူကတော့ စာကြည့်တိုက်ထဲ သူမထားခဲ့သည့်အတိုင်းသာ တွေးတော ကျန်ရစ်လျက် ။

Killian : " ဟား . . . ရည်းစားထားတာက စစ်တုရင်ကစားတာထပ်ပိုခက်မယ်လို့ တစ်သက်လုံးမထင်ခဲ့ဘူးကွာ "

နံရံကိုမှီရင်း ဆံပင်နက်တွေကို အားနဲ့ဖွကာစိတ်ပျက်လက်ပျက်ညည်းလိုက်သည် ။

မျက်ရည်ပေါက်တွေရဲ့ တရားခံက
သူဖြစ်နေတော့ ရင်ထဲမကောင်း ။
ဆားနဲ့သကြားမှားထည့်မိသော
ငါးဟင်းတစ်ခွက် စားရသလို ။
အရသာက အီလည်လည် ။

အတန်းထဲမပြန်ချင်တော့သဖြင့် အားကစားချိန်မရောက်ခင်အထိ
အိပ်နေဖို့ဆုံးဖြတ်လိုက်သည် ။

********************************

* Ring Ring Ring *

အတော်ကြာ အိပ်မောကျသွားပြီး ဘောင်းဘီအိတ်ထဲမှ ဖုန်းသံကြောင့် ခေါင်းနောက်နောက်နှင့် ထလိုက်ရသည် ။
ထုတ်ကြည့်လိုက်တော့လဲ ခေါ်သူနာမည်ကြောင့် စိတ်နောက်သွားရသည် ။

Tasting RED : Eros (Completed)Where stories live. Discover now