' Mysterious Night '

26.6K 1.8K 21
                                    

Check Unicode Below ⬇️

#Zawgyi

အချစ်ကို သမုတ်ကြသည် အနီရောင်လေးတဲ့ ။ ဒါဆိုရင် May ခံစားနေရတာတွေမှ ဘာကြောင့် အပြာရောင်တွေဖြစ်နေရတာလဲ ?

သူ့ကြောင့် နှလုံးသားလေးလဲ အနီကနေ အပြာရောင်ပြောင်းသွားခဲ့ပြီ ။ အပြာရောင်တွေ ... အထီးကျန်ဆန်မှုတွေ၊ ဆွေးမြေ့မှုတွေ မပြီးနိုင်၊ မဆုံးနိုင်တော့ ။
သူ မလာတာ တစ်ပတ်ပြည့်တော့မည် ။
အဆက်အသွယ်လဲ မလုပ် ၊အဆက်အသွယ်လဲမရ ။

သူ့အိမ်အထိလိုက်သွားဖို့ကလဲ May. မှာအခွင့်ရှိရဲ့လား ? May ကတော့ သူ့ကို နှလုံးသားမှာ နံပါတ်တစ်ပေးထားပေမယ့် သူကတော့ မိမိကို ဘယ်အဆင့်ပေးထားသည်လဲမသိသေး ။ May ကိုယ်တိုင်ကလဲ ခယတောင်းဆိုဖို့ဆန္ဒမရှိခဲ့ ။
ဘယ်တော့မှလဲ May တောင်းဆိုမှာ မဟုတ် ။ မာနပဲပြောပြော၊ အတ္တပဲပြောပြော ဒီထပ်နှိမ်ချမခံချင်တော့ပါ ။

ဒါပေမယ့် သူကတောင်းဆိုလာခဲ့ရင်တော့ ..... 

" ဟင်း "

ကိုယ့်အတွေးနဲ့ကိုယ် မွန်းကျပ်လွန်း၍ ပင့်သက်ရှိုက်မိသည် ။ သူနဲ့ဆို ဒီတစ်သက် May ဟာ မျှော်လင့်ရသူဘဝနဲ့ ရှင်သန်ရတော့မှာဧကန်မလွဲပေ ။

ရုတ်တရက် တုန်ခါသွားသည့်ဖုန်းသံကြောင့် May အပြေးလေးဖုန်းကိုကြည့်လိုက်မိသည်။ သူ့ဆီမှ စာတစ်ဆောင် ...

* ပန်းခြံထဲ လာခဲ့ *

ဒါပါပဲ ... အကြောင်းအရင်းလဲမပါ ။ အမိန့်ဆန်ဆန် တိုတိုတုတ်တုတ် ။ ဒါပေမယ့် တမ်းတနေသူမှာ အဲ့ဒီ မက်ဆေ့ခ်ျလေးကို အထပ်ထပ်အခါခါဖတ်ကာ အတည်ပြုမိသည် ။ လွမ်းလွန်းလို့ ဂယောင်ခြောက်ခြားတွေမြင်နေတာမဟုတ် ။

စာလေးနှစ်လုံး သုံးလုံးကို ရင်ခုန်ရတာအမောပါပဲ ။ သူ့ဆီကလာတာမို့ပဲထင်ပါသည် ။

May ဖုန်းကိုကျစ်ကျစ်ဆုပ်ကာ သူခေါ်ရာပန်းခြံဆီသို့ အပြေးသွားရတော့သည် ။
မှောင်မိုက်တိတ်ဆိတ်တဲ့ ညနက်ကြောင့်
နှလုံးခုန်သံတွေ ပိုမိုကျယ်လောင်နေတာလားမသိ ... သူနဲ့တဖြေးဖြေးနီးလာပြီဆိုတဲ့အသိနဲ့ ရင်ဟာပေါက်ကွဲထွက်သွားတော့မည် ။

Tasting RED : Eros (Completed)Where stories live. Discover now