' Law of attraction '

12.4K 958 80
                                    

#Zawgyi

အဲဒီနေ့က မိုးတိမ်တွေငိုကြတယ် ။

ဖွင့်ထားသော ပြတင်းပေါက်ဘောင်ပေါ်၌ ခြေဆင်းထိုင်ရင်း သစ်ရွက်ကလေးတွေပေါ်
တဖောက်ဖောက်ရိုက်ခတ်လာတဲ့ မိုးစက်တွေကို စိတ်ဝင်တစား May ငေးကြည့်နေ၏ ။
ကော်ဖီနံ့ သင်းသင်းနဲ့ သူငယ်ချင်းသုံး‌ယောက်ရဲ့စကားသံတွေက မိုးစက်မှုန်တွေလောက် May. ကို မဆွဲဆောင်နိုင်ဘူးလေ ။

Ci Ci : " အဲဒီတော့ May က သူတော်ကောင်းလုပ်ပြီး ထွက်သွားပေးရတယ်ပေါ့လေ
အဲဒီကောင်ကို ငါသွားသတ်မယ်
တောက် ! "

Ci Ci ရဲ့ အသံကသိပ်ကျယ်တာပဲ။
May မျက်မှောင်လေးကုပ်ကာ နားကိုပိတ်ထားလိုက်သည်။ 
ထိုအခါ မိုးသံတွေက ဝါးခနဲ တမျိုးပြောင်းသွား၏ ။
May ကျေနပ်စွာပြုံးလိုက်မိသည်။ 

ကာယကံရှင် May. အစား သူငယ်ချင်းတွေမှာ မခံမရပ်နိုင်ဖြစ်ကြ၏ ။
ဖြစ်သင့်တဲ့ အခြေအနေပဲလေ ။

Shen : " မဟုတ်ဘူးလေ
King က ဘာလို့ အဲလိုလုပ်တာလဲ
တွဲတာမှ ခြောက်လတောင်မပြည့်သေးတာကို . . . "

Lan : " ငါ့အပြစ်တွေပါ ငါကြိုမြင်နေလျက်နဲ့ လွှတ်ထားမိတာ
ငါကြိုသိနေတယ် ငါ . . .
ငါလဲ King ကို ယုံမိသွားတာ  "

ငိုသံဝဲလာကာ Lan မှာ ရင်ထုမနာဖြစ်လျက် May. ဖက်ကို လှမ်းကြည့်သည် ။

မျက်လုံးသေတွေနဲ့ အေးစက်စက် May. ကို မြင်ရတော့ သူမတို့နားလည်သည်က အားလုံးထပ် May.မှာ ပိုနာကျင်နေမည်ဟူ၍ ။
May သည် Lan ၏ အိမ်သို့ရောက်တာနှစ်ရက်ရှိနေပြီဖြစ်သည် ။
ထိုနှစ်ရက်လုံးလုံး တစ်ချက်မှ ဝမ်းနည်းနေပုံမပြခဲ့။ 
သူ့အိမ်ကနေ ထွက်လာကြောင်းပြောတုန်းကပင် ပြုံးကာနေခဲ့၏ ။
နှလုံးသားမှာ နာကျင်ရလွန်းလို့ တစ်ခုခုပျောက်ဆုံးသွားပြီထင်ပါသည်။

Lan ၏အိမ်က တိုက်ပု‌ကလေးဖြစ်ကာ ခြံဝင်းကြီးကကျယ်သလောက် အိမ်လေးက သက်တောင့်သက်သာအနေအထား‌ပင် ။
သိပ်လဲမကျယ်၊ သိပ်လဲမကျဉ်းဖြစ်၏ ။
သူမ၏ အိမ်ဘေးက ကားဂိုဒေါင်ကပင် နေထိုင်သောအိမ်ထပ်ပိုကျယ်ဦးမည် ။ 
အိမ်ကနေရာယူနည်း၍လဲ ဥယျာဉ်ကြီးကခမ်းနားတာဖြစ်သည် ။
အထွေးလိုက်အထွေးလိုက်ခဲကာ ပွင့်နေသော ' Forget me not ' ပန်းပြာလေးတွေ တစ်ခြံလုံးအပြည့် ။
တိုက်ဆိုင်တာပဲလားမသိ ။
အဓိပ္ပါယ်တွေကောက်တတ်တဲ့ May. ကို နတ်ဘုရားတွေက နှိပ်စက်နေသလား အောင့်မေ့မိသည်။ 

Tasting RED : Eros (Completed)Where stories live. Discover now