The little caterpillar & his apple

24.9K 1.5K 10
                                    

Check Unicode Below ⬇️

#Zawgyi

ထင်းရှူးသားနံ့သင်းနေသည့် အနောက်တိုင်းစားသောက်ဆိုင်ထဲ May ဆိုသော ကောင်မလေးအနေအထိုင်ခက်နေလေရဲ့ ။

ခမ်းနားကြီးကျယ်လွန်း‌သော အပြင်အဆင်က 90s vibe ပုံစံမျိုးရအောင် ဖန်တီးထားခြင်းဖြစ်ကာ လူကုံထံအတန်းစားအတွက် သီးသန့်ပတ်ဝန်းကျင်တစ်ခုနဲ့တောင်တူ၏ ။ ဆိုင်၏ ဘယ်နေရာကြည့်ကြည့် သူချမ်းသာများကိုသာ တွေ့ရလေသည် ။ ပရိဘောဂနှင့် အသုံးအဆောင်များအား monotone အရောင်များကိုသာရွေး၍ ပြင်ဆင်ထားသောကြောင့် တမျိုးလေးမျက်စိအေး၏ ။ သို့သော် ဟိတ်ဟန်ကြီးဖြင့် စားသောက်ရမည့်ခံစားချက်မျိုးကိုသာရသည် ။

May သည် မျက်လုံးလေးကလယ်ကလယ်နှင့် သူဆွဲခေါ်လာတာခံလိုက်ရပြီး ဤဆိုင်ထဲပါလာခြင်းဖြစ်၏ ။ ဆိုင်ထဲလဲထိုင်ပြီး‌‌ရော May မှာ လှုပ်တောင်မလှုပ်တော့ ။ ဆိုင်ထဲက ခပ်ငြိမ့်ငြိမ့်စန္ဒယားသံသည် နှစ်သက်ဖွယ်ဖြစ်ပါသော်လည်း မရင်းနှီးတဲ့ပတ်ဝန်းကျင်ကြောင့် May အတွက် သက်တောင့်သက်သာမရှိလှ ။

Killian. ကို ကြည့်တော့ သူက အေးဆေးစွာ ခြေချိတ်ထိုင်နေလေရဲ့ ။ အင်းပေါ့လေ ... သူဟာ May နဲ့မတူပဲ မွေးလာတည်းက ရွှေဇွန်းကိုက်လာတဲ့ သူဌေးသားလေးပဲ ။ ဒါကြောင့် သူရွေးချယ်တဲ့နေရာမှာ May.ကြောင့် သူ့ကိုအရှက်မရစေချင် ။

Killian : " အရသာ အဆင်မပြေဘူးလား
Salad ကိုထိတောင်မထိပါလား ? "

ပန်းကန်ပြားပေါ်က ဖရုံသီး Soup ကိုသာ
ခပ်သောက်နေမိသော May. အား မျက်မှောင်ကျုံကာမေးလေသည် ။

" ကြိုက်တယ် "

May အားနာပါးနာပြောလိုက်ပေမယ့် သူ့ကိုလိမ်လို့မရ ။

Killian : " အိုကေ ကိုယ် စားဖိုမှူးကိုခေါ်လိုက်မယ် ။ ပြဿနာရှိတဲ့ နေရာကိုပြော "

လက်ထဲကခက်ရင်းကိုချကာ သူတကယ်ကြီးခေါ်တော့မည့်ဟန် ။ May လဲပြာသွားကာ လှမ်းတားရ၏ ။

" ဟင် , မခေါ်နဲ့ မခေါ်နဲ့ " 

Killian : " စားစရာမကုန်ပဲ ထသွားရင်
မလေးစားရာကျမယ် ၊ ကုန်အောင်စားနိုင်ဖို့ကလဲ အရသာရှိမှရမယ်လေ ... မင်းဘယ်လိုလုပ်ချင်လဲ ။ စားရအဆင်မပြေရင် ပြင်ခိုင်းလိုက်လို့ရတယ် "

Tasting RED : Eros (Completed)Where stories live. Discover now