'Summer Karma-(2)'

11.2K 723 45
                                    

#Zawgyi

မမှတ်မိချင်သော အိပ်မက်ဆိုးတစ်ခုမှ နိုးထလာခဲ့၏ ။
မူးနောက်နောက်ခံစားချက်နှင့် ပါး‌စောင်မှ စိမ်းညို့ညို့အရသာတစ်ခုကိုရနေသည် ။
မေ့လဲစဉ်က ခေါင်းဆောင့်မိတာအပြင် ပါးစောင်ကိုလဲကိုက်မိသွားတဲ့ပုံပင် ။
ဒါပေမယ့် ဘာမှကြီးကြီးမားမားဒဏ်ရာမရခဲ့တာတွေ့ရသည် ။

" မူးနေသေးလား ? ဘယ်နေရာတွေနာ‌နေလဲ ? "

အောင့်သက်သက်မှိုနံ့ကိုဖုံးလွှမ်းသွားသော သင်းပျံ့သောရနံ့နှင့်အတူ အခန်းထဲ မချောနှစ်‌ယောက်ဝင်လာ၏။
သူမတို့၏မျက်နှာမှာ အရင်ကလိုမောက်မာခြင်းများမရှိတော့ပဲ May. ကိုသိပ်ရင်းနှီးပုံရသော အရိပ်အ‌ယောင်တစ်မျိုးရှိနေခဲ့သည် ။
အနာဂတ်တစ်ခုတည်းကိုမျှဝေရမည်ဖြစ်သော ‌အပေါင်းအဖော်အကြည့် ၊ အမှောင်ရိပ်တွေပါခဲ့ပြီဖြစ်သော ကြေကွဲသောအကြည့်များဖြစ်သည် ။

" နင်အိပ်လိုက်တာ ကြည့်ဦး ညနေတောင်စောင်းသွားပြီ ညနေစာစားပြီးရင် ငါတို့အခန်းကိုပြောင်းခဲ့တော့ ဟိုမှာအေးဆေးပြန်အိပ်လို့ရတယ် "

နှုတ်ကြမ်းလျှာကြမ်းသော မချောများဆီမှ ထိုသို့စကားမျိုးထွက်လာတာကြောင့် May မှာ အံ့ဩနေသောအမူအရာကို မထိန်းလိုက်နိုင်ပဲ ပါးစပ်လေးဟနေမိသည် ။
May. ရဲ့ ဟန်ဆောင်မှုကင်းသော တုန့်ပြန်မှုကြောင့် သူမတို့မျက်နှာများနီမြန်းသွား၏ ။
ရဲကျဲကျဲလုပ်နေကာ ရင်းနှီးသောစကားများကို ဆက်ဆိုနေကြသည် ။

" နေရာကမရှိမှာမပူနဲ့ ‌ နေရာလွတ်တယ် . . . အစတုန်းက ကိစ္စတွေက မောင်နှမချင်းမို့ မေ့လိုက်ကြရအောင် ဟုတ်တယ်မလား "

တုန်ယင်နေသေးသော May. ရဲ့ လက်ကလေးတစ်ဖက်ကိုဆွဲယူကာ အလတ်မဆိုသောတစ်ယောက်က ပြုံးကာဆို၏။
ထိုမျက်နှာပြောင်မှုကို ငယ်ရွယ်သော May မှာ ဘယ်လိုတုန့်ပြန်ရမလဲမသိသဖြင့် စကားသာလွှဲလိုက်သည် ။

" ဟိုအစ်မကရော ? "

အနှီမချောများသည်အစဉ်အမြဲသုံးယောက်တစ်ပါကင်ဖြစ်၍ တစ်ယောက်ပျောက်နေသောအခါ သဘာဝမကျသလိုခံစားရသည်မဟုတ်လား ။
ထိုမေးခွန်း၏အနောက် အပြုံးတုများနဲ့ ပလီပလာစကားများပါပျောက်သွားခဲ့ပြီး စိုးထိန့်သော၊ ဝမ်းနည်းသောမျက်လုံးများနေရာယူသွားတော့သည် ။

Tasting RED : Eros (Completed)Where stories live. Discover now