Dirty

22.7K 1.3K 55
                                    

Unicode is below ⬇️

#Zawgyi

အိမ်သို့ပြန်ရောက်ပြီးတာနဲ့ သူ မရောက်လာခင် အမြန်ရေမိုးချိုးရသည် ။တစ်ခါမှ အပြင်ပန်းအလှအပအား ဂရုမစိုက်ခဲ့ပေမယ့် သူ့အရှေ့မှာတော့ ရုပ်ဖျက်ထားသည့် ပုံတုံးကြီးမဖြစ်နေစေချင်ပါ ။

အဝတ်ဗီဒိုထဲကနေ အဖြူရောင်အိမ်နေဂါဝန်လေးကို ဆွဲထုတ်လာပြီး ဝတ်လိုက်တော့ May. ခန္ဓာကိုယ်ကောက်ကြောင်းတွေက ပိုပြီးထင်းသွားသည် ။ လက်တိုဖြစ်နေ၍ အပေါ်မှ ဆင်ဆွယ်ရောင်လက်ရှည်အပါးတစ်ထည် ထပ်ဝတ်လိုက်တော့ ယဉ်ယဉ်လေးဖြစ်သွား၏ ။

May လဲ မှန်ထဲ၌ ကိုယ့်ကိုယ်ကိုကြည့်ပြီး ပြုံးလိုက်မိသည် ။

အလှအပကို မျက်မုန်းကျိုးနေပါသော်လည်း သူ့နှုတ်ခမ်းပါးတွေမှ ' လှတယ် ' ဆိုသော စကားလုံးလေးနှစ်လုံးကိုတော့ မြတ်နိုးပါသည် ။

ပျိုတိုင်းကြိုက်တဲ့ နှစ်ဆီခိုင်ကြီး၏ ဘေးနားမှာ ဝိုင်းနေကြသည့် များပြားလှပါသော အလှပဂေးတွေလောက် မပြင်ဆင်နိုင်ပါသော်လည်း ကောင်မလေး ခမျာ ကြိုးစားရှာသည် ။

May သာ ပန်းလေးတစ်ပွင့်ဖြစ်ခဲ့သော် ထာဝရမဟုတ်လျင်လဲ နေပါစေ ... သူ့ရဲ့ အချစ်တွေ မွှန်လို့ပဲ သေဆုံးသွားချင်သည် ။ မမွှေးရင်လဲနေပါစေ ...ခူးသူ လက်ကလေးမရှရလေအောင် ဆူးကင်းချင်သည် ။

မှန်ရှေ့ဗျာများနေရင်း ဖုန်းသံကြောင့် May . ရင်တွေတုန်သွားသည် ။ ဖုန်းကို ကောက်ကိုင်ကြည့်တော့ ခေါ်သူကသူဖြစ်နေသည် ။ အိမ်လာမယ့်လူက ဘာကြောင့် ဖုန်းခေါ်နေသနည်း ? သူ မလာဖြစ်တော့လို့ များဖြစ်နေမလား ?

May. မျက်နှာချက်ချင်းညိုးသွားကာ ဂါဝန်စကို ဆုပ်ထားလိုက်၏ ။ တစ်ယောက်တည်းပြင်ဆင်နေတာ အရူးကျနေတာပါပဲလား ။

" Hello ? "

Killian : " ဘေဘီ , ကိုယ် မင်းဆီလာလို့မရဘူး "

သူ့စကားကြောင့် May အောက်နှုတ်ခမ်းကို မညှာမတာကိုက်ထားလိုက်သည် ။

Tasting RED : Eros (Completed)Where stories live. Discover now