' A thin line between Light & Darkness '

14K 1K 61
                                    

#Zawgyi

Damian : " ဒါနောက်ဆုံး ဆုံးဖြတ်ချက်ပဲ Reaper အဖွဲ့ကို မင်းလက်ထဲမထည့်နိုင်ဘူး "

Damian King ၏ အသံသည်ကား တွန့်ဆုတ်မှုအလျင်းမရှိ ။

Reaper အဖွဲ့ဆိုသည်မှာ King family ၏ အထူးသက်တော်စောင့်အဖွဲ့ဟု အချို့ကသိထားကြ၏ ။
အမှန်မှာကား ကမ္ဘာ့ထိတ်တန်း လုပ်ကြံသတ်ဖြတ်သူများပါဝင်သည့် ကြောက်စရာကောင်းသော တရားမဝင်အဖွဲ့တစ်ခုဖြစ်သည်။
‌မျိုးရိုးစဉ်ဆက် King Family ၏အနောက်အမြဲရှိခဲ့သော ထိုမကောင်းဆိုးရွားများကို အသုံးချနိုင်လျင် သူ၏အစီအစဉ်တွေက ပို၍မြန်ဆန်သွားမည်ဖြစ်သည် ။
ဒါပေမယ့် ထိုအဖွဲ့ကိုအမိန့်ပေးသူ ငရဲစစ်သူကြီးက အလွယ်သူ့လက်ထဲထည့်မှာမဟုတ် ။

Killian: " . . အဲဒါဆိုရင် ဆက်ဆွေးနွေးစရာမရှိတော့ဘူး "

နှုတ်ခမ်းတွေကိုမဲ့ကာပြုံးရင်း သူထိုင်ရာမှထသည် ။
သူသည် ဤအဖြေကိုမမျော်မှန်းခဲ့တာ တော့မဟုတ် ။
အခုအချိန် သူ့ခံစားချက်ကို ဘယ်သူမှ နားလည်ပေးနိုင်ကြမှာမဟုတ် ။
သူကလဲ မည်သူတစ်ဦးတစ်ယောက်ကိုမှ ရှင်းပြနေဖို့ စိတ်မဝင်စားပေ ။

Damian : " မင်း ဘာလုပ်မှာလဲ အခု ? "

အသံတို့က ဒေါသစွက်နေ၏ ။
အစဉ်အမြဲတည်ငြိမ်ခဲ့သော ငရဲစစ်သူကြီးပင် ‌သားဖြစ်သူ၏ တစ်ဇွတ်ထိုးစိတ်ဓာတ်ကို စိတ်ကုန်လာပုံရသည် ။

Killian : " I will kill them all "

စားပွဲတစ်ဖက်ခြမ်း မျက်နှာချင်းဆိုင်မှ ဖခင်ဖြစ်သူအား အေးစက်သောမျက်လုံးတွေဖြင့်ကြည့်ကာ သူက ပြန်လည်ဖြေကြားလိုက်၏ ။
ဖခင်ဖြစ်သူသည် သူ၏စကားကိုကောင်းစွာသဘောပေါက်သည် ။
သူဆိုသည်မှာ ပြောရင်ပြောထားတာထပ်ပိုလုပ်တတ်သောသူ နတ်ဆိုးတစ်ကောင် ။
သူဦးတည်နေသောလမ်းသည် ပျက်စီးခြင်းများသာ ။

Damian : " မင်းအခုလုပ်နေရမယ့် တစ်ခုတည်းသောအရာက ကောင်မလေးရဲ့ရှေ့ဒူးထောက်ပြီး ကာကွယ်ပေးနိုင်စွမ်းမဲ့ခဲ့လို့ တောင်းပန်နေခြင်းပဲ နားလည်လား . . . ဒီထပ်ပိုပြီး မိသားစုသိက္ခာကိုမချနဲ့ "

ထိုစကားကိုကြားတော့ Shock ရပြီး မေ့မျောနေသော ချစ်သူမျက်နှာငယ်လေးကို သူ မြင်ယောင်လာသည်။
သူ၏ အထိနာသွားပုံကို မြင်သောအခါ ငရဲစစ်သူကြီးသည် ကျေနပ်သွားဟန် ။

Tasting RED : Eros (Completed)Where stories live. Discover now