' He, Devil who protects '

20.3K 1.1K 57
                                    

#Zawgyi

အချစ်ခရီးဟူသည် အတ္တနှင့်မလျောက်ပဲ
ချစ်ခြင်းနှင့်လျောက်လျှင် လွယ်ကူမည်။ 

**************** ************

နွမ်းလျနေသော May. ခန္ဓာကိုယ်လေးကိုသူ ရေချိုးခန်းထဲပို့ပေးသည် ။ ထို့နောက် ရေနွေးစပ်ပေးကာ ပြန်ထွက်သွားခဲ့သည် ။ May. ကိုယ်ပေါ်က ဒဏ်ရာတွေကို သူ မမြင်ချင်ဘူးထင်ပါသည် ။

နေပါစေ . . . May က အဲလောက်မပျော့ညံ့ပါဘူး ။ တစ်‌ယောက်ယောက်က သူ့အကြောင်းကို မေးခဲ့ရင် May က ' အဲ့ဒီနေ့က သူလေ . . .  ' ဆိုပြီး အစပြုကာ မနားတမ်း ပြောပြချင်သည်။ အခွင့်အရေးတွေ အတိုင်းအဆမဲ့ပေးမည်မို့ အနာဂတ်တစ်ခုကို အတူတကွပုံဖော်ကြရအောင်လေ ။ 

ကိုယ့်ဖာသာ စိတ်ဖြေမိပေမယ့် ဝမ်းနည်းအားငယ်မှုက မပျောက်သွားတော့ ။  သူစိတ်အလိုမကျတိုင်း အနိုင်ကျင့်နေရင် ဘယ်လိုလုပ်မလဲ ? စိတ်တွေပူလာတော့ နောင်တရနေတဲ့ သူရဲ့ မျက်ဝန်းတွေကို မြင်ယောင်လိုက်၏ ။

" ဟင်း . . . "

နာကျင်နေတဲ့သူက နာကျင်အောင် ပြန်လုပ်တတ်တာ မဆန်းပါဘူး ။ သူလဲ နာကျင်ခဲ့သူပဲ ။

အကြိမ်ကြိမ်အခါခါ ပြတ်တောက်ခဲ့ပေမယ့် နှစ်ယောက်အတူတူပြန်လည်ချည်နှောင်ခဲ့တဲ့ ကြိုးလေးပဲ။ လက်လျော့ဖို့က ဝေးပါသေးတယ် ။

Killian : " ဘေ့ , ကိုယ်ပြန်ဝင်လာမယ်နော် "

ဆန်းဆန်းပြားပြား ဝင်လာဖို့ ခွင့်ပြုချက်လာတောင်းနေသည် ။ ပုံမှန်ဆိုလျင် May ရေချိုးမယ်ဆိုတာနဲ့ သူက အထဲရောက်နှင့်နေပြီးသား မဟုတ်လား ? ပြီးရင် May ရေကန်ထဲ စိမ်နေချိန်တွင် သူကြိုက်တဲ့ စာအုပ်တွေ၊ ကဗျာတွေကို ဖတ်ပြလေ့ရှိသည်။

" အင်း ဝင်လာလေ "

ဘာကြောင့် သူအမြဲ ထိုသို့ပြုလုပ်နေခဲ့လဲ May ဘယ်တော့မှ နားမလည်နိုင်ခဲ့ ။ အဘယ်ကြောင့်ဆိုသော် May ဘယ်တော့မှ မမေးမြန်းခဲ့လို့ပင် ။

ထိုသို့သဘောပေါက်သွားချိန် May သည် ကြီးမားသော အမှားတစ်ခုကို
မြင်ခဲ့သည် ။ ထိုအမှားဟာ May.ဖက်က အမှား‌ ။ လူတစ်ယောက်ကို သိချင်လျှင် ကိုယ်တိုင် မေးမြန်းစုံစမ်းကြည့်ပါ တဲ့ ။

Tasting RED : Eros (Completed)Where stories live. Discover now